မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက ယခုရာသီတွင် ဆုဖလားတစ်ခုခုရယူလိုသည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် PSG အသင်းကို (၀-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ကစားခဲ့သည့် FA ဖလားပဥ္စမအဆင့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
PSG အသင်းနှင့်ပွဲစဉ်မှ အရှုံးရလဒ်ကို ချယ်လ်ဆီးနှင့်ပွဲတွင်ချေဖျက်နိုင်ခဲ့သည့်အတွက် ပေါ့ဘာက ကျေနပ်နေပြီး ယခုရာသီတွင် ဆုဖလားတစ်ခုခုရယူလိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါ့ဘာက ''အရှိန်ကောင်းနေတုန်းမှာ PSG အသင်းကို ရှုံးနိမ့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် နောက်ပွဲစဉ်တွေမှာ ရှုံးပွဲမကြုံရအောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အတွက် ပြိုင်ပွဲတိုင်းက အရေးကြီးပါတယ်။ ဒီရာသီမှာ ဆုဖလားတစ်ခုခု ကျွန်တော်တို့ရယူချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ဟာဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရတာကြောင့် ဒီနှစ်မှာတော့ ဆုဖလားတစ်ခုခုရယူချင်ပါတယ်" ဟုပြောကြားခဲ့သည်။
ပေါ့ဘာသည် ယာယီနည်းပြ ဆိုးလ်ရှားလက်အောက်တွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီအသင်းအတွက် ပြိုင်ပွဲစုံတွင် (၁၄) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
