ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ အင်ဒိုနီးရှားတွင် စီးပွားရေးများကို ရပ်ဆိုင်းသွားစေခဲ့သောကြောင့် ယခုနှစ် ပထမသုံးလပတ် စီးပွားရေးတိုးတက် မှုနှုန်းသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အားအနည်းဆုံးဖြစ်ခဲ့ပြီး မျှော်လင့်ထားသည်ထက် နှေးကွေးခဲ့သည်။
အင်ဒိုနီးရှား၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဒေသတွင်းရှိ နိုင်ငံအချို့ထက် မြင့်မားနေဆဲဖြစ်သော်လည်း ကပ်ရောဂါကြောင့် နိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော စားသုံးမှုအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် အလွန်အမင်း အရေးပါသော ပို့ကုန်တင်ပို့မှုများကိုပါ အထိနာစေခဲ့သည်။
ဇန်နဝါရီမှ မတ်အထိ ဂျီဒီပီတိုးတက်မှုသည် ယခင်နှစ် အလားတူကာလကထက် ၂.၉၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး ၂၀၀၁ ခုနှစ်၏ ပထမသုံးလပတ်တိုးတက်မှုနောက်ပိုင်း အနှေးကွေးဆုံးနှုန်းဖြစ်ခဲ့ကာ ပြီးခဲ့သော နောက်ဆုံးသုံးလပတ် တိုးတက်မှုနှုန်း ၄.၉၇ ရာခိုင်နှုန်းထက် နှေးကွေးခဲ့ခြင်းဖြစ်ကြောင်း စာရင်းအင်းဗျူရို၏ အချက်အလက်များအရ သိရသည်။
ရိုက်တာက ကောက်ယူခဲ့သောစစ်တမ်းတစ်ခုတွင် ပျမ်းမျှ ၄.၀၄ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့သော်လည်း လေ့လာသူအချို့ကမူ တိုးတက်မှုသည် ထိုထက်ပိုမိုအားနည်းမည်ဟု သုံးသပ်ခဲ့ကြသည်။
အင်ဒိုနီးရှားသည် ကပ်ရောဂါကြောင့် နိုင်ငံ၏ အစိတ်အပိုင်းများကို နောက်ပိုင်းတွင် Lockdown လုပ်ခဲ့ရသောကြောင့် ပထမသုံးလပတ် စီးပွားရေးတိုးတက်မှုသည် အတော်အသင့် ကောင်းမွန်ခဲ့ကြောင်း၊ ဒုတိယသုံးလပတ်တွင်မူ တိုးတက်မှု အလွန်အမင်း ကျုံ့သွားမည်ဖြစ်ကြောင်း Capital Economic ၏ အာရှဆိုင်ရာ ထိပ်တန်းဘောဂဗေဒပညာရှင် Gareth Leather က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်အား ထိန်းချုပ်ရန် မအောင်မြင်ခဲ့ပါက စီးပွားရေးခန့်မှန်းချက်ကို အလွန်အမင်း ဂယက်ရိုက်ခတ်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာတွင် လူဦးရေ စတုတ္ထမြောက် အများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှား၌ မတ်အစောပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်သူကို စတင်တွေ့ရှိခဲ့ပြီး ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ထိုလနှောင်းပိုင်းတွင် စာသင်ကျောင်းများနှင့် ရုံးများကို ပိတ်ခဲ့ရသည်။
ဇူလိုင်မတိုင်မီ ပုံမှန်အခြေအနေသို့ ပြန်သွားရန် ရည်မှန်းထားသော အင်ဒိုနီးရှားတွင် လတ်တလော၌ ကူးစက်သူ ၁၁၆၀၀ နီးပါးနှင့် သေဆုံးသူ ၈၇၀ နီးပါး ရှိနေသည်။
အင်ဒိုနီးရှားသည် လာမည့် ဒုတိယသုံး လပတ်တွင် အာရှဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း ပထမဆုံးအကြိမ် သဘောတရားအရ စီးပွားရေး အလွန်အမင်းကျဆင်းမှုကို ကြုံရဖွယ်ရှိကြောင်း Bankof America ၏ ဘောဂဗေဒပညာရှင် Mohamed Faiz Nagutha က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် တစ်စိတ်တစ်ပိုင်း Lockdown လုပ်မှုအား သက်တမ်းတိုးပြီး စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်များကလည်း အလျင်အမြန် အလုပ်မဖြစ်ပါက တတိယသုံးလပတ်မတိုင်မီ စီးပွားရေးအလွန်အမင်း ကျဆင်းမှုကို ကြုံရဖွယ်ရှိကြောင်း Bank Permata ၏ ဘောဂဗေဒပညာရှင် Josua Perdede က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး ဆရီမူယာနီကလည်း စီးပွားရေး အလွန်အမင်း ကျဆင်းမှု အန္တရာယ်ကို သတိပေးခဲ့ပြီး နှစ်စဉ် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၀.၄ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအချက်အလက်များကြောင့် အင်ဒိုနီးရှားသည် အတိုးနှုန်းများ ထပ်မံလျှော့ချရန် လိုအပ်မှုကို ပြသနေကြောင်း ဘောဂဗေဒပညာရှင်များက ပြောကြားခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
