ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပိတ်ဆို့ကန့်သတ်မှုများကို ဆက်လက်ဆောင်ရွက်လျှင် သြစတြေးလျ စီးပွားရေးသည် သီတင်းပတ်တစ်ပတ်တိုင်း ဒေါ်လာ ၂.၅ ဘီလျံ ဆုံးရှုံးနိုင်သည်ဟု မေ ၅ တွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းများက ဖော်ပြခဲ့သည်။
သြစတြေးလျသည် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးတွင် အောင်မြင်မှုများ ရရှိနေပြီး နိုင်ငံ၏နေရာအများစုတွင် နေ့စဉ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးအောက် သို့မဟုတ် မရှိသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အရေးယူဆောင်ရွက်မှုများသည် စီးပွားရေးအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ကြောင်း၊ ဇွန်အထိ ဒုတိယသုံး လပတ်တွင် ၁၀ ရာခိုင်နှုန်းအထိ ဂျီဒီပီ ကျဆင်းနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ယို့စ်ဖရိုင်းဒင်ဘတ်က ပြောကြားခဲ့သည်။
“လက်ရှိ တင်းကျပ်မှုတွေကို ဆက်ထားမယ်ဆိုရင် ထပ်တိုးသီတင်းပတ်တိုင်း အတွက် စီးပွားရေး ဆုံးရှုံးနစ်နာမှုက ဒေါ်လာ ၂.၅ ဘီလျံနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ယို့စ်ဖရိုင်းဒင်ဘတ်က ပြောခဲ့သည်။ ဧပြီ ၁၈ အထိ သီတင်းပတ် ါးပတ် အတွင်း အလုပ်အကိုင် ဆုံးရှုံးမှုသည် ၇.၅ ရာခိုင်နှုန်းရှိပြီး တင်းပြည့်လုပ်သားအင်အား ၁၃ သန်းအနက် ၇၀၀၀၀၀ ခန့်သည် အလုပ်လက်မဲ့ ဖြစ်နေခြင်း ဖြစ်ကြောင်း သြစတြေးလျ စာရင်းအင်း ဗျူရိုက ပြောကြားခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီး၏ခန့်မှန်းချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အလုပ်အကိုင် ထိခိုက်ခဲ့သော အလုပ်သမားများအနက် သုံးပုံတစ်ပုံခန့်သည် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှဖြစ်ပြီး အနုပညာနှင့်အပန်းဖြေကဏ္ဍမှ အလုပ်အကိုင် ဆုံးရှုံးမှုက ၂၇ ရာခိုင်နှုန်း ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပိတ်ဆို့မှုများကြောင့် ယခုနှစ်လယ်တွင် အလုပ်လက်မဲ့ နှစ်ဆ တိုးပြီး ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိပြီး လူ ၁.၄ သန်းခန့် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားဖူးသည်။
သြစတြေးလျ တစ်နိုင်ငံလုံး၏ အိမ်ထောင်စုများအနက် ၃၁ ရာခိုင်နှုန်းသည် ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာမှုကို ကြုံနေရကြောင်း သြစတြေးလျ စာရင်းအင်း ဗျူရိုက ထုတ်ပြန်ထားသည်။ သြစတြေးလျသည် လူများအား အလုပ်အကိုင် ပြန်လည်ရရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ပိတ်ဆို့ထိန်းချုပ်မှုများ ဖယ်ရှားရေးအတွက် သတ်မှတ်ထားသော ကျန်းမာရေးအခြေအနေ ၁၅ ချက်အနက် ၁၁ ချက်ကိုသာ သြစတြေးလျက ပြည့်မီသေးကြောင်း ဘဏ္ဍာရေးဝန်ကြီး ယို့စ်ဖရိုင်းဒင်ဘတ်က ပြောကြားခဲ့သည်။
သြစတြေးလျသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၉၆ ဦး သေဆုံးထားပြီး ကူးစက်ခံရသူ ၆၈၀၀ ကျော် ရှိထားသည်။ နိုင်ငံတွင်း နေရာအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ လျော့ကျနေပြီး တိုးတက်နေပြီ ဖြစ်သော်လည်း မဲလ်ဘုန်းရှိ သားသတ်ရုံတစ်ခုနှင့်ဆစ်ဒနီရှိ သက်ကြီးဂေဟာတစ်ခုတွင် အစုလိုက် ကူးစက်မှုများ ထွက်ပေါ်ခဲ့သည်။ သြစတြေးလျ၏နယ်မြေအများစုသည် ကန့်သတ်ထိန်းချုပ်မှုများကို တဖြည်းဖြည်းချင်း လျှော့ချနေပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရန်အတွက် လမ်းညွှန်မြေပုံကို မေ ၈ တွင် ထုတ်ပြန်နိုင်ရန် ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က မျှော်လင့်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
