အမေရိကန်က လျစ်လျူရှုခဲ့သည့် ရန်ပုံငွေရှာဖွေမှုအတွင်း ပြုလုပ်သည့် ရှည်လျားသည့် ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် ကမ္ဘာ့ခေါင်းဆောင်များက ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးအတွက် ဒေါ်လာ ၈.၁ ဘီလျံ (ယူရိုရ.၄ ဘီလျံ) မတည်မည်ဟု ကတိပြုခဲ့ပြီးနောက် ကာကွယ်ဆေးရှာဖွေရာတွင် ယှဉ်ပြိုင်ခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်ကြရန် မေ ၄ ရက်တွင် တိုက်တွန်းခဲ့ကြသည်။
COVID- 19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခဲ့သူ ၂၄၇၀၀၀ ကျော် အနက် ၁၄၀၀၀၀ သည် ဥရောပမှဖြစ်သည်။ ကာကွယ်ဆေးသည် ရောဂါတိုက်ဖျက်ရေးတွင် အကောင်းဆုံး အလားအလာတစ်ခုဖြစ်သည်ဟု ဥရောပကော်မရှင် အကြီးအကဲနှင့် ဗီဒီယိုကွန်ဖရင့်၏ အစီအစဉ်မှူးဖြစ်သည့် Ursula Von Der Leyen က ပြောကြားခဲ့သည်။
ရန်ပုံငွေရှာဖွေမှုသည် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု၏ အားကောင်းမှုကို ပြသမှုတစ်ခုဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အကြီးအကဲ Tedros Adhanom Ghebreyesus က အမွှမ်းတင်ခဲ့သည်။
ဂျပန်၊ ကနေဒါတို့နှင့်အတူ ဥရောပအင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံ ၄၀ ခန့်က ရန်ပုံငွေအတွက် ကတိပြုခဲ့သော်လည်း ယင်းရန်ပုံငွေတွင် အမေရိကန်ကိုယ်စားပြု တာဝန်ရှိသူများပါဝင်ခဲ့ခြင်းမရှိသဖြင့် ရန်ပုံငွေပွဲကို အားလျော့စေခဲ့သည်။ ချမ်းသာကြွယ်ဝသည့် အမေရိကန်သူဌေးအချို့သည် တစ်ဦးချင်း လှူဒါန်းမှုအဖြစ် ယင်းရန်ပုံငွေတွင် ပါဝင်ခဲ့ကြပြီး ပေါ့ပ်စတားမက်ဒေါနားက ဒေါ်လာတစ်သန်း ထည့်ဝင်ခဲ့မှုကို ဥရောပသမဂ္ဂတာဝန်ရှိသူများက ဂုဏ်ပြုခဲ့သည်။
လက်တစ်ဆုပ်စာသော ထည့်ဝင်လှူဒါန်းသူများက ၎င်းတို့၏ ကတိပြုမှုတွင် ငွေပမာဏကို ထည့်သွင်းခဲ့ခြင်းမရှိသော်လည်း အလှူငွေသည် ဗီဒီယိုကွန်ဖရင့်က ရည်မှန်းခဲ့သည့် ယူရို ၇.၅ ဘီလျံ ရရှိရန် သီသီကလေး လွဲချော်ခဲ့သော်လည်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ငွေကြေးအမြားအပြား လိုအပ်မည်ဖြစ်ပြီး ယူရို ၃၈ဘီလျံခန့် လိုအပ်ကြောင်း သတိပေးခဲ့သည်။
ကုလသမဂ္ဂနှင့်အတူ စုစုပေါင်းနိုင်ငံ ၄၀၊ Bill and Melinda Gates ဖောင်ဒေးရှင်းနှင့် သုတေသနအဖွဲ့များက ရန်ပုံငွေတွင် ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
WHO ၏ ကပ်ရောဂါကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ထိုအဖွဲ့အစည်းနှင့် ပဋိပက္ခဖြစ်ခဲ့မှုနှင့်အတူ ယင်းရန်ပုံငွေ အစီအစဉ်တွင် အမေရိကန် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် အားနည်းခဲ့ရသည်။
နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းနေသည့် ထရန့်က အမေရိကန်တွင် နှစ်ကုန်မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
ကာကွယ်ဆေးထုတ်လုပ်ရန် နှစ်နှင့်ချီ ကြာရှည်နိုင်ခြေရှိသည်ဟု ဂျာမနီနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Jens Spahn က သတိပေးခဲ့မှုနှင့်အတူ ထရန့်၏ခန့်မှန်းချက်များကို လေးပုံတစ်ပုံခန့်က အယုံအကြည် ကင်းမဲ့ခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ချက်မှာ ပါဝင်ဖို့ တိုက်တွန်းမှုကို ဥရောပသမဂ္ဂက မဆိုင်းမတွ တုံ့ပြန်ခဲ့ပေမယ့် အမေရိကန်က ငြင်းဆိုခဲ့တယ်။ အမေရိကန်က တစ်သီးတသန့်ဖြစ်အောင် သူကိုယ်တိုင်လုပ်ဆောင်နေတာ။ ကျွန်တော်တို့က လုပ်ငန်းစဉ်ရဲ့အစမှာပဲ ရှိနေသေးတယ်။ ဘုံကြိုးပမ်းအားထုတ်မှုမှာ အမေရိကန်အစိုးရ ပူးပေါင်းပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရန်ပုံငွေကောက်ခံမှုတွင် အမေရိကန်ပါဝင်ခြင်းမရှိသည်ကို စိတ်ပျက်လက်ပျက်ဖြစ်သည့် ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
COVID- 19 ကပ်ရောဂါဖြစ်ပွားမှု လျော့ပါးစေရန်နှင့် အဆုံးသတ်စေရန်အတွက် အရင်းအမြစ်များစုစည်းရန် အခြားနိုင်ငံများက ကြိုးပမ်းအားထုတ်မှုကို အမေရိကန်က ကြိုဆိုကြောင်း ဂျီနီဗာရှိကုလ သမဂ္ဂဆိုင်ရာ အမေရိကန်အထူးတာဝန် ထမ်းဆောင်ရသူ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ထရန့်၏ အမေရိက ပထမမူဝါဒချဉ်းကပ်မှုသည် ကာကွယ်ဆေးရှာဖွေရန်အတွက် တန်ပြန်အကျိုးပြုသော Atalantic ဖြတ်ကျော်ပြိုင်ပွဲတစ်ခုဖြစ်ရန် ဦးတည်လာမည်ကို အခြားခေါင်းဆောင်များက စိုးရိမ်ပူပန်ခဲ့ကြသည်။
နိုင်ငံသားအားလုံးအတွက် မထိုးဖောက်နိုင်သော အကာအကွယ်တစ်ခုကို ထူထောင်ရန် ကမ္ဘာ့နိုင်ငံများက လက်တွဲလုပ်ဆောင်ရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယင်းကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဘောရစ်ဂျွန်ဆင်၏ တိုက်တွန်းစကားကို သံယောင်လိုက်ခဲ့ပြီး အကျပ်အတည်းကို ကျော်လွှားရန် နိုင်ငံတကာအဝန်းအဝိုင်းက စည်းလုံးညီညွတ်ကြရန် တိုက်တွန်းခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကလည်း ကာကွယ်ဆေးသည် အရေးပါကြောင်း၊ ကာကွယ်ဆေး ထုတ်ဖော်ပြီးသည်နှင့် တစ်ပြိုင်တည်း ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့နေသည့် ရောဂါကို ကုသပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ကာကွယ်ဆေး စစ်ပွဲတွင် အနိုင်ရရန်အတွက် တိုက်ပွဲအတွင်း ၎င်း၏ တပ်ဖွဲ့ဝင်အားလုံးကို ထည့်သွင်းရန် အသင့်ဖြစ်နေကြောင်း အကြံပေးအဖွဲ့ Delors Institute မှ ကျွမ်းကျင်ပညာရှင် Isabelle Marchaisf က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
