ဂျပန်တွင် ပိတ်ဆို့ကန့်သတ်ချက်များ ဖြေလျှော့ပေးရန် စောလွန်းသည်ဟု အစိုးရအဖွဲ့က သတိပေးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို မေလကုန်အထိ သက်တမ်းတိုးလိုက်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
“ဧပြီ ၇ ရက်က ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေကာလကို မေ ၃၁ ရက်အထိ သက်တမ်းတိုးမှာပါ။ အရေးပေါ် အခြေအနေ သက်တမ်းတိုးမှုမှာ နိုင်ငံအတွင်းမှာရှိတဲ့ စီရင်စုအားလုံး အကျုံးဝင်ပါတယ်” ဟု ရှင်ဇိုအာဘေးက ယင်းစီမံချက်ကို ဆွေးနွေးသည့် အစည်းဝေးအပြီးတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်အာဘေးသည် ကနဦးတွင် တိုကျိုနှင့် အခြားစီရင်စုခြောက်ခုသာ အကျုံးဝင်သည့် တစ်လကြာ အရေးပေါ်အခြေအနေကို ဧပြီ ၇ ရက်တွင် ကြေညာခဲ့ပြီးမကြာမီ ယင်းစီမံချက်သည် နိုင်ငံတစ်ဝန်းရှိ စီရင်စုအားလုံးနှင့် သက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုအရေးပေါ်အခြေအနေ ထုတ်ပြန်မှုသည် မေ ၆ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ဗိုင်းရပ်စ်အသစ် ကူးစက်မှုသည် တိုးပွားနေသေးသည်ဟု ဂျပန်နိုင်ငံ၏ ဗိုင်းရပ်စ်တုံ့ပြန်နှိမ်နင်းရေးဆိုင်ရာ ဝန်ကြီးရာဆူတိုရှီနီရှီမူယာက အစောပိုင်းတွင် ပြောကြားခဲ့သည်။
“ဗိုင်းရပ်စ်ကူးစက်သူအသစ် အရေအတွက်က ကျဆင်းနေပေမယ့် ကျဆင်းမှုဟာ ရည်မှန်းထားတဲ့ပမာဏကို မရောက်သေးပါဘူး” ဟု ၎င်းက ကပ်ရောဂါနှင့်ပတ်သက်ပြီး အစိုးရကို အကြံပေးသည့် ပညာရှင်အဖွဲ့နှင့် အစည်းဝေးပြုလုပ်စဉ်အတွင်း ပြောကြားခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် ဖိစီးမှုအောက်တွင် ရှိနေသေးသောကြောင့် လူထုထံမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေ သေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျပန်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ဥရောပနိုင်ငံများနှင့် အမေရိကန်တို့တွင် ဖြစ်ပွားသည့်နှုန်းထက် သိသိသာသာ နည်းပါးပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀၀၀ နှင့် သေဆုံး သူ ၅၁၀ ဦးရှိခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေ ရုတ်တရက်မြင့်တက်လာမှုက ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ဖိစီးမှုဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများနှင့်အတူ အရေးပေါ်အခြေအနေသက်တမ်းတိုးမှုကို အစိုးရအဖွဲ့အား အကြံပေးသည့် ကျွမ်းကျင်ပညာရှင်များနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများက ထောက်ခံခဲ့သည်။
အရေးပေါ်အခြေအနေသည် ဥရောပနိုင်ငံအချို့နှင့် အမေရိကန်တွင် မြင်တွေ့ရသည့် ပြင်းထန်သည့် စီမံချက်များထက် ဖြေလျှော့မှုရှိသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်မှုတွင် ဒေသခံအုပ်ချုပ်ရေးမှူးများက လူထုကို နေအိမ်တွင်သာ နေထိုင်ရန် တိုက်တွန်းပြီး စီးပွားရေးလုပ်ငန်းများကို ပိတ်ထားရန် တောင်းဆိုခဲ့သည်။ တာဝန်ရှိသူများသည် နိုင်ငံသားများအား ယင်းထုတ်ပြန်ထားမှုကို မဖြစ်မနေလိုက်နာခိုင်းခြင်းမျိုး မဟုတ်သလို လိုက်နာရန် ပျက်ကွက်သူများကိုလည်း အပြစ်ပေးခြင်းမျိုးမရှိခဲ့ပေ။
တာဝန်ရှိသူများသည် ဂျပန်၏ အကြီးဆုံးမြို့များအပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုအ မြင့်ဆုံးစီရင်စု ၁၃ ခုရှိ ဒေသခံများကို လူအချင်းချင်းထိတွေ့ဆက်ဆံမှု ၈၀ ရာခိုင်နှုန်း အထိ လျှော့ချရန်နှင့် အခြားတင်းကျပ်သည့် Social Distancing စီမံချက်များ လုပ်ဆောင်ခိုင်းမည်ဟု ခန့်မှန်းထားသည်။
ဗိုင်းရပ်စ် နှိမ်နင်းရေးစီမံချက်များ လုပ်ဆောင်နေစဉ်အတွင်း ပြတိုက်များ၊ စာကြည့်တိုက်များနှင့် အခြားအဆောက်အအုံအချို့ကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးနိုင်ခြေရှိသည်။
ကျန်ရှိသည့် စီရင်စုများတွင် စီးပွားရေးလုပ်ငန်းများ ပိတ်ထားမှုနှင့် လူအနည်း အကျဉ်းစုဝေးမှုများကို ကန့်သတ်ထားမှုများအား ဖြေလျှော့ရန် ခွင့်ပြုနိုင်ခြေရှိသော်လည်း ဒေသခံများကို မွေးရပ်မြေပြင်ပသို့ ခရီးသွားရောက်ခြင်းမပြုရန် တောင်းဆိုမည်ဖြစ်သည်။ ဘားများနှင့် ညကလပ်များကိုလည်း ဆက်လက်ပိတ်ထားရဦးမည်ဖြစ်သည်။
မတ်လမှ စတင်ပိတ်ခဲ့သည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို တိတိကျကျ မထုတ်ပြန်သေးပေ။ အရေးပါသည့် အတန်းများကို အဆင့်လိုက် ပြန်လည်ဖွင့်လှစ်နိုင်ခြေရှိသည်ဟု တာဝန်ရှိသူများက အရိပ်အမြွက် ပြောကြားခဲ့သည်။
ပညာရှင်များသည် မေ ၁၄ ရက် ဝန်းကျင်တွင် အခြေအနေကို ပြန်လည်သုံးသပ်နိုင်ခြေရှိပြီး သက်ဆိုင်ရာဒေသတွင် ဖြစ်ပွားသည့်အခြေအနေကို မူတည်ပြီး စီမံချက်များကို ရုပ်သိမ်းပေးနိုင်ခြေရှိသည်ဟု အာဘေးက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် ဇန်နဝါရီလလယ်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုဖြစ်ပွားခဲ့ပြီး ယိုကိုဟားမားမြို့တွင် ကမ်းကပ်ထားသည့် Diamond Princess အပျော်စီးသင်္ဘောပေါ်တွင် အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖိစီးမှုဖြစ်ခဲ့ရသည်။
ခရီးသည်တစ်ဦးတွင် ဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများက အဆိုပါသင်္ဘောကို ရောဂါခြေချုပ်ထားရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ ယင်းသင်္ဘောပေါ်မှ လူ ၇၀၀ ကျော်သည် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁၃ ဦး သေဆုံးခဲ့သည်။
သေဆုံးမှုနှုန်း မြင့်တက်မလာအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း အီတလီနှင့် နယူးယောက်ကဲ့သို့ပင် ဂျပန်နိုင်ငံရှိ အချို့နေရာများတွင် ဗိုင်းရပ်စ်ကူးစက်မှု ရုတ်တရက်မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဖိစီးမှုဖြစ်ခဲ့သည်။ ဂျပန်တွင် လူ ၁၀၀၀၀၀ လျှင် ICU ကုတင် ငါးလုံးမျှသာ ရှိပြီး အီတလီတွင် ရှိသည့်အရေအတွက်ထက် ထက်ဝက်လျော့နည်းနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
