ဗီယက်နမ်တွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိမှုသည် ၁၇ ရက်ဆက်တိုက် ရှိလာခဲ့ကြောင်း အစိုးရက ကြေညာခဲ့ပြီးနောက် မေ ၄ တွင် ကျောင်းများအား ပြန်ဖွင့်လိုက်ပြီဖြစ်သည်။
လူအစုလိုက်အပြုံလိုက်အား ရောဂါခြေချုပ်ဖြင့် ထားခြင်းနှင့် ရောဂါရှိသူနှင့် ထိတွေ့ခဲ့ဖွယ်ရှိသူများအား ခြေရာခံရှာဖွေမှု တိုးချဲ့ခြင်းတို့အပါအဝင် ပြတ်ပြတ်သားသား ဆောင်ရွက်မှုများက COVID- 19 အား ထိန်းချုပ်နိုင်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ၏ ချီးကျူးမှု ရရှိထားသော အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်တွင် လူအချင်းချင်း ခွာခွာကင်းကင်းနေရန် စီမံချက်များအား ဧပြီလကုန်ပိုင်းတွင် ဖြေလျှော့ပေးခဲ့ပြီးနောက် ကျောင်းများအား ပြန်ဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြို့တော် ဟနွိုင်းအနောက်ဘက်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် သုံးလကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စာသင်ခန်းများထဲသို့မဝင်ရောက်မီ ကျောင်းသားများက ၎င်းတို့၏ ကိုယ်အပူချိန်တိုင်းရန် တည်ငြိမ်စွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
အသက် ၁၁ နှစ်ရှိ ကျောင်းသားတစ်ဦးဖြစ်သူ Pham Anh Kiet က “ကျွန်တော် အရမ်းပျော်ပြီးတော့ စိတ်လှုပ်ရှားနေတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာနေရတာ ငြီးငွေ့စရာကောင်းလို့” ဟု ပြောကြားခဲ့သည်။
“ကျွန်တော် နှာခေါင်းစည်းတပ်ထားပြီး ကိုယ်အပူချိန်တိုင်းလိုက်ရင် ဘေးကင်းသလို ခံစားရတယ်။ ဗိုင်းရပ်စ်ကူးခံရမှာကို မကြောက်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အသက် ၁၂ နှစ်ရှိ ကျောင်းသူတစ်ဦးဖြစ်သူ Tran Dang Ngoc Anh ကလည်း ၎င်း၏ သူငယ်ချင်းများနှင့် ဆရာများအား အလွန်သတိရနေကြောင်းနှင့် စာသင်ခန်းထဲတွင် မွန်းကျပ်သော နှာခေါင်းစည်းများ တပ်ထားရမှုနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်နေသော်လည်း ကျောင်းပြန်တက်ရသည့်အတွက် ပျော်ရွှင်ရကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ကျောင်းနေအရွယ်နှင့် တက္ကသိုလ်ကျောင်းသားအရေအတွက် စုစုပေါင်း ၂၂ သန်းခန့်ရှိသည်။
ပြီးခဲ့သော ဇန်နဝါရီနှောင်းပိုင်းတွင် ကျောင်းများ ပိတ်ခဲ့ရပြီးနောက် ကလေးအချို့သည် ပြီးခဲ့သော သီတင်းပတ်တွင် ကျောင်းပြန်တက်၍ ရပြီဖြစ်သော်လည်း မူကြိုနှင့် မူလတန်းကလေးများအပါအဝင် ကျောင်းသားအချို့မှာမူ နောက်ထပ်တစ်ပတ် ထပ်စောင့်ရမည် ဖြစ်သည်။
တက္ကသိုလ်များကိုလည်း တစ်ခုပြီး တစ်ခု စတင်ဖွင့်လှစ်နေပြီဖြစ်သည်။
ဗီယက်နမ်တွင် COVID- 19 ဖြစ်ပွားသူ ၂၇၁ ဦးသာရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း အစိုးရက မေ ၃ တွင် ထုတ်ပြန်ခဲ့သည်။
ပြည်တွင်း၌ ဗိုင်းရပ်စ်ကူးစက်မှု ကင်းစင်မှုသည် နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ကြောင်းလည်း အစိုးရက ထုတ်ပြန်ခဲ့သည်။
သို့သော် အာဏာပိုင်များက ၎င်းတို့၏သတိရှိမှုကို မလျှော့ချသေးဘဲ ကျောင်းသားအားလုံးသည် နှာခေါင်းစည်း တပ်ထားရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးအကြား အချိန်တိုင်း ၁ မီတာခွဲခွာ၍ နေရန် ညွှန်ကြားမှုအပါအဝင် တင်းကျပ်သော လူအချင်းချင်း ခွာခွာကင်းကင်းနေရေး စည်းမျဉ်းများကို ချမှတ်ထားဆဲ ဖြစ်သည်။
ဟနွိုင်းမှ ကျောင်းအုပ်တစ်ဦးဖြစ်သူ Nguyen Xuan Khang က ကလေးငယ်များအား စည်းကမ်းတကျဖြစ်ရေး ထိန်းသိမ်းရန် ခက်ခဲကြောင်း ဝန်ခံခဲ့သည်။
အနားပေးချိန်တွင် တက်ကြွလွန်းသော ကလေးငယ်များအား အချင်းချင်း ခွာခွာကင်းကင်းနေရေးအတွက် ထိန်းထားရန်မှာ ခက်ခဲကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် ပြဿနာများမရှိကြောင်း၊ မိဘအားလုံးက ၎င်းတို့၏ကလေးများအား နှာခေါင်းစည်းများပေးလိုက်သလို မိမိတို့ကလည်း ကလေးများအားပေးရန် နှာခေါင်းစည်း အခု ၁၀၀၀၀ ဝယ်ထားကြောင်း၊ သန့်စင်ခန်းများ တွင်လည်း လက်သန့်ဆေး အများအပြား ထားပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
