မေ ၁ ရက်တွင် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအတွင်း ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မေ ၁ ရက် မွန်းလွဲပိုင်းတွင် ဂူအာနာရီမြို့ရှိ လော့စ်လာနို အကျဉ်းထောင်တွင်း၌ အဆိုပါ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထောင်တွင်း ရုန်းရင်းဆန်ခတ်မှုအတွင်း လူ ၄၇ ဦး သေဆုံးခဲ့ပြီး ၇၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူအားလုံးသည် အကျဉ်းသားများဖြစ်ကြောင်း ပေါ်တူဂူအီဆာပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ် မာရီယာဘီထရစ်မာတီနက်ဇ်က ပြောကြားခဲ့သည်။
အကျဉ်းထောင်ပတ်ပတ်လည်တွင် ကာရံထားသော လုံခြုံရေး ခြံစည်းရိုးများကို အကျဉ်းသားများ စတင်ဖျက်ဆီးကြရာမှ ရုန်းရင်းဆန်ခတ်မှု စတင်ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း၊ ထောင်မှ ထွက်ပြေးလွတ် မြောက်ရန် အကျဉ်းသားအများအပြား ကြိုး ပမ်းကြမှုအဖြစ် ခြံစည်းရိုးများကို ဖျက်ဆီး ခြင်းဖြစ်ကြောင်း၊ ရုန်းရင်းဆန်ခတ်မှုအတွင်း ထောင်မှူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗင် နီဇွဲလားစစ်တပ်၏ မေ ၁ ရက် သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်ကို မာတီနက်ဇ်က ကန့်ကွက်ခဲ့ပြီး အစားအစာ မရရှိခြင်းကြောင့် အကျဉ်းသားအုပ်စုတစ်စု က ထောင်တွင်း၌ ဆူပူမှုပြုလုပ်ခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။ ထောင်တွင်းဆူပူမှုဖြစ် ပွားခဲ့ပြီးနောက် အစောင့်တပ်ဖွဲ့က သေနတ် ဖြင့် ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း ဗင်နီဇွဲ လားအကျဉ်းထောင်စောင့်ကြည့်ရေးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (OVP) က ထုတ်ပြန်ခဲ့သည်။ ကိုရိုဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေခြင်းကြောင့် အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါးများ ယူဆောင်ပေးလေ့ရှိသည့် အကျဉ်းသားမိသားစုဝင်များ ထောင်ဝင်စာလာတွေ့မှုနှုန်းမှာ သိသိသာသာ ကျ ဆင်းသွားခဲ့သည်။
“အစောင့်တပ်တွေကြောင့် ဒီဖြစ်ရပ် ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ယူဆောင်လာတဲ့ အစားအစာတွေကို သူတို့က အကျဉ်းသားတွေ ဆီ ပေးပို့ခြင်းမရှိဘူး ” ဟု အကျဉ်းသားတစ် ဦး၏အသိဖြစ်သူ ယီဆီကာဂျီမီနက်ဇ်က ပြောကြားခဲ့သည်။
နိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် သန့်ရှင်းမှုမရှိသဖြင့် ရောဂါပိုးမကင်းသည့် အခြေအနေတွင် ရှိနေခြင်း၊ ထောင်တွင်း၌ အကျဉ်းသားအရေအတွက် အဆမတန်များပြားခြင်း၊ ထောင်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားခြင်းတို့ကို NGO အဖွဲ့အစည်းများ နှင့် အကျဉ်းသားများ၏မိသားစုဝင်များက ပြစ်တင်ရှုတ်ချလေ့ရှိကြသည်။ လော့စ်လာနို အကျဉ်းထောင်သည် အကျဉ်းသား ၇၅၀ ဦးသာ ဝင်ဆ့ံသော်လည်း အကျဉ်းသား ၂,၅၀၀ ခန့်ကို လက်ခံထားခြင်း ဖြစ်သည်။
သေဆုံးသူအကျဉ်းသားများကို ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးပြီးမှ သေဆုံးမှုကို အတည်ပြုခြင်းဖြစ်ကြောင်း OVP အဖွဲ့ဝင် ကာရိုလိုင်းနာဂျီရွန်က ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ဗင်နီဇွဲလားအကျဉ်းထောင်များ၌ လူ ၉၇ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် တီဘီရောဂါစသော ကူးစက်ရောဂါများနှင့် ဆေးဝါးပြတ်လပ်မှုတို့ကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း OVP အဖွဲ့က ဆိုသည်။
ဗင်နီဇွဲလား၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူ ၃၃၀ ကျော်လာပြီး သေဆုံးသူ ၁၀ ဦး ရှိသော်လည်း နိုင်ငံတွင်းရှိ အကျဉ်းထောင်များ တွင် ဗိုင်းရပ်စ်ကူးစက်မှုမရှိကြောင်း အာဏာ ပိုင်များက ပြောကြားထားသည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
