Top News

ရန်ကုန်တိုင်းအတွင်းရှိ တပ်ပြင်ပမဲရုံအချို့နှင့် မြို့နယ်အချို့မှ မဲရုံများတွင် မဲပေးမှုမြင်ကွင်းများ
24htopnews | October 19, 2024 7:12 AM CST

COVID-19 ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၆ နာရီမှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများက မဲပေးမှုများပြုလုပ်လျက်ရှိသည်။

ထိုသို့မဲပေးရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်ပြင်ပမဲရုံအချို့တွင် တပ်မတော်သားများနှင့် အတူနေမိသားစုများ မဲပေးနေကြသည်ကိုတွေ့ရှိသည်။

ထို့ပြင် သမ္မတဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် တာမွေမြို့နယ်ရှိ မဲရုံများသို့ လာရောက်မဲပေးသူ များပြားသည်ကို တွေ့ရသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ်ရှိ မဲရုံအချို့တွင်လည်း မဲလာရောက်ပေးနေသည်ကို တွေ့ရသည်။

ထို့အတူ ဒဂုံမြို့နယ်ရှိ မဲရုံများတွင်လည်း မဲဆန္ဒရှင်များက မဲပေးလျက်ရှိပြီး အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းရှိ မဲရုံတွင် မဲပေးသူများ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရသည်။

 

 


READ NEXT
Cancel OK