Top News

မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ဒုတိယဦးစီးမှူး ကြိုတင်မဲပေးခွင့် ဆုံးရှုံး
24htopnews | October 19, 2024 7:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ဒုတိယဦးစီးမှူး ကြိုတင်မဲပေးခွင့်ပိုင်ခွင့် ဆုံးရှုံးခဲ့ရကြောင်း မော်လိုက်မြို့နယ် ဒုမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးပိုင်ဖြိုးအောင်၏ ပြောကြားချက်အရ သိရသည်။

၎င်းထံကို ယနေ့အထိ ကြိုတင်မဲပေးရမည့် လက်မှတ်မရှိရသေးကြောင်း ၎င်းအနေဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက်က မော်လိုက်မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ထံ ပုံစံ ၁၅ လျှောက်ထားခဲ့ကြောင်း ယင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်က မုံရွာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာ ၂၁ ရက်နေ့က ပေးပို့လိုက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဘယ်လိုဖြစ်တာလည်းဆိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့က မော်လိုက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ပုံစံ ၁၅ နဲ့ လျှောက်တယ်။ အောက်တိုဘာလ ၂၁ ရက်နေ့ကြမှ မုံရွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဆီကို ပို့နိုင်တယ်။ မော်လိုက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ တာဝန်ကျေသွားတယ်။ ဒါပေမယ့် မုံရွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဘက်က ကြိုတင်မဲလက်မှတ်ကို အချိန်မီမပို့နိုင်တာ။ ဒီနေ့အထိ ကျနော်ရဲ့ ကြိုတင်မဲလက်မှတ် ရောက်လာတာမရှိဘူး။ မော်လိုက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း ကျနော်ကိုယ်တိုင် နှစ်ခေါက်သွားတယ်။ ဒါပေမယ့် တစ်ယောက်မှ ဖြေရှင်းပေးနိုင်တဲ့သူမရှိဘူး။ ဆက်သွယ်ပေးတာလည်း မရှိဘူး။ ကျနော်ကိုယ်တိုင်ပဲ ဆက်သွယ်ရတာ။ သူတို့ဘက်က လိုအပ်ချက်ကိုလည်း ဘာလိုအပ်ချက်ဆိုတာလည်း ပြောပြတာမရှိဘူး။ ဖြေရှင်းတာမရှိဘူး။ ကာယကံရှင်က ဘာမှမသိရပဲနဲ့ မဲပေးပိုင်ခွင့်ဆုံးရှုံးတာ” ဟု မော်လိုက်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပိုင်ဖြိုးအောင်က ပြောကြားသည်။

ယင်းကဲ့သို့ ကြိုတင်မဲပေးပိုင်ခွင့်ဆုံးရှုံးမှုအပေါ်၌ အဆင့်ဆင့်တာဝန်ခံမှုမရှိကြကြောင်း၊ တစ်ရုံးနှင့် တစ်ရုံး ချိတ်ဆက်မှု အလွန်အင်မတန်အားနည်းကြောင်း၊ ထို့အပြင် မုံရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်က မော်လိုက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ အခြားသူများ၏ ကြိုတင်မဲများကိုမူ မည်သည့်အတွက်ကြောင့် ရောက်ရှိအောင် ပို့ပေးနိုင်ရသလဲဟု မေးခွန်းထုတ်ချင်ကြောင်း မော်လိုက်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပိုင်ဖြိုးအောင်က ဆက်လက် ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မော်လိုက်မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၃၉၅၆၇ ဦးအထိရှိကာ မဲရုံပေါင်း ၅၂ ရုံအထိရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

 


READ NEXT
Cancel OK