တရုတ်နိုင်ငံမှ မူဆယ်မြို့အတွက် လှူဒါန်းပေးထားသော COVID-19 ရောဂါ စစ်ဆေးပေးသည့် Gene Quantitative Detection စက်ကို ပြည်သူများအတွက် အမြန်ဆုံး စမ်းသပ်အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြည်သူများကိုယ်စား တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီအစိုးရက မူဆယ်မြို့အတွက် လှူဒါန်းပေးထားသော COVID-19 ရောဂါ စစ်ဆေးပေးသည့် Gene Quantitative Detection စက်ကို ပြည်သူများအတွက် အမြန်ဆုံးစမ်းသပ်အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က နိုဝင်ဘာ ၅ ရက်တွင် စာတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပြောရရင် မြို့နယ်အဆင့်တာဝန်ယူထားတဲ့ အဖွဲ့ကလည်းစာတင်ထားပြီးခင်ဗျ၊ သို့သော် တစ်ဆင့်ပြီး တစ်ဆင့်တက်သွားရတဲ့အတွက် ကြန့်ကြာမှုသွားရှိနေတဲ့သဘောပေါ့ဗျာ။ ကျွန်တော်မှာလည်း တာဝန်ရှိပါတယ်။ အဲဒီတော့ ဒီစက်ကို မြန်မြန်ထက်ထက် စမ်းသပ်ခွင့်ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ တင်တဲ့သဘောပါဘဲ။ အထူးသဖြင့် ကုန်သွယ်မှုလမ်းကြောင်းမှာ အဆင်းအတက် ယာဉ်မောင်းတို့ ယာဉ်နောက်လိုက်တို့ကို မြန်မြန်ထက်ထက် မစစ်ပေးနိုင်ဘူးဆိုရင် ကြန့်ကြာမှုသွားရှိနေမှာပေါ့။ လူကြီးပိုင်းလည်းပဲ သူတို့က စိစစ်ပြီးတော့ ပြန်ချပေးဖို့ရှိမှာပဲ။ သို့သော် ဘယ်လို ကြန့်ကြာနေမှန်း ကျွန်တော်အနေနဲ့ မသိနိုင်ဘူး။ ဒါကြောင့် ခုနပြောသလို မြန်မြန်ထက်ထက် သုံးစွဲခွင့်ရဖို့ ဝန်ကြီးဌာနကလည်း ဒါက ကြိုးစားပေးလုပ်နေတဲ့လုပ်ငန်းပဲ မဟုတ်လား။ သက်ဆိုင်ရာနိုင်ငံတော်အဆင့်ရှိတဲ့ COVID-19 ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီကလည်း ဦးစားပေးလုပ်နေတာပဲ။ သို့သော် သူတို့ဆီမှာက လုပ်ငန်းအများကြီး ရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ခရိုင်မြို့နယ်အဆင့်က တင်တော့ တင်လိုက်ပါပြီ။ အဲဒီအခါမှာ ရုံးလုပ်ငန်း သဘောအရတော့ တဆင့်သွားရသလို ရှမ်းပြည်နယ်အစိုးရကနေတစ်ဆင့် သွားရတာကိုး။ အဲဒီလိုပဲ ပြန်ချလာရင်လည်းတစ်ဆင့်တစ်ဆင့် ပြန်ဆင်းလာမှာဆိုတော့ နည်းနည်းပိုပြီးတော့ မြန်ဆန်မှုရှိအောင် ကျွန်တော်က ပါဝင်ပြီးတော့ တင်ပြတောင်းဆိုခြင်းဖြစ်ပါတယ်” ဟု မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖုန်းမြတ်က ပြောကြားသည်။
အဆိုပါ Gene Quantitative Detection စက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီအစိုးရက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အောက်တိုဘာ ၁၄ ရက်က လှူဒါန်းပေးခဲ့ပြီး စက်ပစ္စည်းများကို မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး၌ တရုတ်ပညာရှင်များ ပါဝင်သောအဖွဲ့က အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ တပ်ဆင်ပေးခဲ့ကာ တရုတ်ကျွမ်းကျင်ပညာရှင်များက မူဆယ်ခရိုင်ရှိ ဓာတ်ခွဲဝန်ထမ်းများကို လေးရက်ကြာ လက်တွေ့စမ်းသပ် သင်ပြပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Gene Quantitative Detection စက်မှာ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓတ်ခွဲခန်း၌ရှိသောစက်ထက် မော်ဒယ်မြင့်ကာ လူသားအရင်းအမြစ်သုံးစွဲမှုကို လျှော့ချနိုင်မှုအပြင် တစ်ရက်လျှင် လူအယောက် ၁၅၀၀ မှ ၂၀၀၀ ကြား စစ်ဆေးပေးနိုင်သောစက်ဖြစ်ကြောင်း သိရပြီး စက်၏တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂၀၁၇၆၂၆၄ ယွမ်ဖြစ်ပြီး မြန်မာကျပ်ငွေ သိန်းလေးထောင်ကျော် တန်ဖိုးရှိကြောင်း သိရှိရသည်။
မူဆယ်မြို့သည် မြန်မာ တရုတ် နှစ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသောနေရာဖြစ်ခြင်းကြောင့် မူဆယ်မြို့သို့ မြန်မာနိုင်ငံ အရပ်ရပ်က ကုန်သည်ပွဲစားများအပြင် နေ့စဉ်ကုန်စည်သယ်ယူပို့ဆောင်မှု ကုန်ကားအဝင်အထွက်မှာ ပျမ်းမျှတစ်ရက်လျှင် ၁၀၀၀ နီးပါး ဝင်ထွက်သွားလာမှု ပြုလုပ်လျက်ရှိရာ ယခင်လများက ၎င်းတို့ကို COVID-19 Antigen Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ၎င်းတို့ထဲမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူ ၁၇ ဦးအထိ တွေ့ရှိခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအပြင် တရုတ်အစိုးရက ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို COVID-19 ကင်းစင်မှသာလျှင် ဝင်ရောက်သယ်ဆောင်ကုန်ချခွင့်များ ပြုလုပ်နေခြင်းကြောင့် ယခုအခါ COVID-19 Antigen Test Kit နည်းပါးနေပြီး အလုံအလောက်စစ်ဆေးပေးနိုင်ခြင်းမရှိခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
