ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အဖွဲ့ဝင် နှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပုသိမ်ခရိုင်ရွေးကောက်ပွဲေ ကာ်မရှင်ရုံးခွဲအဖွဲ့ဝင်များ အနေဖြင့် မူအရ ခရိုင်အဖွဲ့ဝင်များမှ တာဝန်ကျရာမြို့များသို့ သွားရောက် ကြီးကြပ်ရမှာ ဖြစ်သဖြင့် ခရီးထွက်ရမည် ဖြစ်သောကြောင့် နိုဝင်ဘာ ၆ ရက်တွင် COVID-19 နှင့် ပတ်သက်၍ စစ်ဆေးခဲ့ရာတွင် ပုသိမ်ခရိုင် ကော်မရှင်အဖွဲ့ရုံးမှ အဖွဲ့ဝင်တစ်ဦး နှင့် ဌာနဆိုင်ရာဘက်မှ ခရိုင်စာရင်းစစ်ရုံး ခရိုင်ဦးစီးတို့တွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးတင့်လွင်ထံမှသိရသည်။
" သူတို့နှစ်ယောက်စလုံးက ကျောင်းကုန်းမြို့နယ် တာဝန်ခံတွေဖြစ်နေတယ်။ သူတို့ကလည်း ကျောင်းကုန်းမြို့နယ်ကို ဆင်းရမယ်နေရာမှာ သုံးယောက်သတ်မှတ်ထားတဲ့နေရာမှာ တစ်ယောက်ကတော့ ခရိုင်ဥပဒေအရာရှိပါ။ သူကတော့ ကျောင်းကုန်းကိုသွားပါပြီး။ ကျန်တဲ့ Positive ဖြစ်တဲ့သူ နှစ်ယောက်ကိုတော့တိုင်းရင်ဆေးရုံကို တစ်ခါတည်းပို့ပါတယ်” ဟု ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးတင့်လွင်ကပြောကြားသည်။
ကျောင်းကုန်းမြို့နယ်သို့ အစားထိုးသွားရောက်ရန် ကြိုတင်စီစဉ်ထားသော အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်အရာရှိများရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာမှ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ပိုတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၃၈၆ ဦး ရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ ၈၉၇ ဦး နှင့် သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
