ဖေဖော်ဝါရီ ၉ရက်တွင် အိန်ဂျလီနာဂျိုလီက အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအစီအမံများကို ချက်ချင်းအတည်ပြုပေး ကြရန် အမေရိကန်လွှတ်တော်အမတ်များအား တောင်းဆိုသွားခဲ့သည်။
အမေရိကန်လွှတ်တော်အဆောက်အအုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျိုလီက အိမ်တွင်းအကြမ်းဖက် မှု၏သားကောင်ဖြစ်ရသူများကို ဆေးဝါးနှင့် ဥပဒေအထောက်အပ့ံပေးမည့်၊ အိမ်တွင်းအကြမ်းဖက်ခံရသည့်ကလေးငယ်များကို ကူညီပေးမည့် ဥပဒေပြန်လည်ပေါ်ပေါက်လာရေး ကို အားပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။
“ကျွန်မတို့နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုက ပုံမှန်အခြေအနေတစ်ခုဖြစ်နေတာဟာ အကျည်းတန်တဲ့အမှန်တရာ” ဟု လည်း ဂျိုလီကဆိုသည်။
ကြောက်လန့်ခံစားခဲ့ရသည့် ကလေးငယ်များနှင့် အိမ်တွင်းအကြမ်းဖက်ခံရသူအ များစုအတွက် သူ တောင်းဆိုနေသည့်ဥပဒေသည် နောက်ကျလွန်းနေပြီဟုလည်း ဂျိုလီက ပြောဆိုခဲ့ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (VAWA) ကို ပြန်လည်ခွင့်ပြုပေးရန် ဂျိုလီက မျက်ရည်ဝိုင်းလျက် တောင်းဆိုသွားခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ဥပဒေအဖြစ် သက်ဝင်လာသည့် VAWA မူရင်းဥပဒေမူကြမ်း ကို ရေးဆွဲခဲ့သူက ဂျိုးဘိုင်ဒင် (ထိုစဉ်က အထက်လွှတ်တော်အမတ်) ဖြစ်ပြီး နောက်ပိုင်းမူကြမ်းများသည်လည်း ဒီမိုကရက်နှင့် ရီပက်ဘလီကင် နှစ်ပါတီစလုံး၏ အခိုင်အမာ ထောက်ခံမှုဖြင့် အတည်ဖြစ်လာခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ် မူကြမ်းသည် အောက်လွှတ်တော်တွင် အတည်ပြုခံရသော်လည်း ထိုစဉ် ရီပက်ဘလီကင်တို့ ကြီးစိုးသည့် အထက်လွှတ်တော်တွင် တန့်သွားခဲ့သည်။ ရီပက်ဘလီကင်အမတ်များကြောင့် ၎င်းမူကြမ်းသည် နောက်ဆုံးမဲခွဲသည့်အဆင့်အထိ မရောက်ခဲ့ပေ။
ခင်ပွန်းဟောင်း ဘရတ်ပစ်က အကြီးဆုံးမွေးစားသား မက်ဒေါ့စ်ကို ၁၅ နှစ်သား အရွယ်တွင် ရိုက်နှက်ခဲ့သည်ဟုလည်း ဂျိုလီ က စွပ်စွဲခဲ့ဖူးသည်။ သို့သော်ထိုစွပ်စွဲချက်များမှာ မအောင်မြင်ခဲ့ပေ။
၂၀၁၆ ခုနှစ်တွင် ဂျိုလီဘက်က ကွာရှင်းခွင့် လျှောက်တင်ခဲ့ပြီးကတည်းက ဂျိုလီ နှင့် ဘရက်ပစ်တို့နှစ်ဦးသည် သားသမီးများ အုပ်ထိန်းခွင့်ရရေးအတွက် တရားရုံးတွင် ထိပ်တိုက်တွေ့လာခဲ့ကြသည်။ သူတို့နှစ်ဦးသည် ၂၀၀၄ ခုနှစ်က Mr and Mrs Smith အက်ရှင်ကား ရိုက်ရင်း ဆုံဆည်းခဲ့သည်။ ၁၀ နှစ်တာတွဲပြီးနောက် ၂၀၁၄ ခုနှစ်တွင်လက်ထပ်ကာ နှစ်နှစ်အကြာတွင် လမ်းခွဲလိုက်ကြ သည်။ ကွာရှင်းခွင့်လျှောက်ထားလိုက်ပြီး နောက်မကြာမီ ဘရက်ပစ်သည် ကလေးသူငယ်ညှဉ်းပန်းမှုဖြင့် စုံစမ်းစစ်ဆေးခံလိုက်ရသေးသည်။ သို့သော် ထိုအကြိမ်တွင်လည်းစွပ်စွဲချက်များမှ ကင်းလွတ်ခဲ့ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
