ယူကရိန်းအရေးနှင့်ပတ်သက်၍ လိပ်ခဲ တည်းလည်း အခြေအနေဖြစ်ပေါ်နေစဉ် အ နောက်နိုင်ငံများက ယူကရိန်းအား စစ်လက်နက်နှင့် ခဲယမ်းမီးကျောက်များ ထောက်ပံ့ခြင်းအားဖြင့် ရုရှားအပေါ် နိုင်ငံရေးအရ တိုးမြှင့်ဖိအားပေးနေသည်ဟု ရုရှားအစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
ယူကရိန်းနှင့် နယ်စပ်အနီးတွင် ရုရှားက တပ်ဖွဲ့ဝင်အင်အား အလုံးအရင်းဖြန့်ကြက်စု ရုံးထားစဉ် ယူကရိန်းမြောက်ပိုင်းရှိ ရုရှား၏ အနီးကပ်မဟာမိတ်ဖြစ်သော ဘီလာရုစ်နိုင်ငံတွင် ရုရှားက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိရာ ကျူးကျော်မည့် အရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ ရုရှားအစိုးရကမူ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲရန် အစီအစဉ်မရှိဟု ငြင်းဆိုထားသည်။
အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ အင်အား ကြီး အနောက်နိုင်ငံများက ယူကရိန်းသို့ စစ် ရေးအကူအညီများ ထောက်ပံ့ပေးပို့လျက်ရှိ ပြီး ယူကရိန်း၏ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ကို အားဖြည့်ပေးရန် တင့်ဖျက်ဒုံးကျည်များ နှင့် ဒုံးပစ်လောင်ချာများ အပါအဝင် စစ်လက် နက်များကို ပံ့ပိုးပေးခဲ့သည်။ ဂျာမနီကဲ့သို့ သောနိုင်ငံများကမူ တိုက်ခိုက်ရေး လက်နက် များအစား အမာစားဦးထုပ်ကဲ့သို့ အသုံးအ ဆောင်များကိုသာ ပေးပို့ခဲ့သည်။
အနောက်နိုင်ငံများက ယူကရိန်းအား စစ်ရေးအထောက်အပံ့ များ ပေးနေခြင်းသည် ခြိမ်းခြောက်အကျပ်ကိုင်ပြီး ဖိအားပေးသည့် သဘောပင်ဖြစ်ကြောင်း ရုရှားဒုတိယ နိုင်ငံ ခြားရေးဝန်ကြီး ဆာဂေး ယာကော့ဗ်က ပြော ကြားခဲ့သည်။
“ယူကရိန်းကို အသုံးအဆောင်ပစ္စည်း တွေ၊ လက်နက်ခဲယမ်းတွေနဲ့ လူ့အသက်ကို ခြိမ်းခြောက်နိုင်တဲ့ စစ်လက်နက်တွေအပါအဝင် အကြီးစား စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတာနဲ့ စပ်လျဉ်းပြီး ပြောရ မယ်ဆိုရင် အဲဒီလုပ်ရပ်မှန်သမျှဟာ ကျွန်တော်တို့အပေါ် နိုင်ငံရေးအရရော စစ်နည်း ဗျူဟာအရပါ ဖိအားပေးဖို့ ကြိုးပမ်းမှုပဲဖြစ်ပါတယ” ဟု ယာကော့ဗ်က ပြောကြားခဲ့ကြောင်း RIA သတင်းဌာနက ဖော်ပြခဲ့သည်။
အနောက်နိုင်ငံများနှင့် နိုင်ငံရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံရန် ယူကရိန်းကဆန္ဒရှိနေခြင်းသည် ရုရှား၏ အဓိက စိုးရိမ်မှုတစ်ခုပင်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေ ကြသည်။ နေတိုးအဖွဲ့ထဲသို့ ယူကရိန်း မဝင် ရောက်နိုင်အောင် တားမြစ်ရေးနှင့် ၎င်းစစ်မဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်မှုများကို ရပ်တန့်ရေးအပါအဝင် လုံခြုံရေးအာမခံချက်များကို ရုရှားကတောင်းဆိုထားသည်။
ယူကရိန်းသည် THAAD ဒုံးခွင်းစနစ်များကို အမေရိကန်ထံမှ တောင်းခံထားကြောင်းလည်း အတည်မပြုနိုင်သော ရုရှားမီဒီယာတစ်ခု၏ ဖော်ပြချက်ကို ကိုးကားပြောဆိုခဲ့ပြီး ယင်းသည် ရန်စခြင်းပင် ဖြစ်သည်ဟု လည်း ယာကော့ဗ်က ဆိုသည်။
အမေရိကန်အနေဖြင့် ယင်းကဲ့သို့အ ထောက်အပံ့များကိုပေးရန် အလေးအနက် စဉ်းစားနေမည်ဆိုပါက လိပ်ခဲတည်းလည်း အခြေအနေကို သံတမန်ရေးနှင့် နိုင်ငံရေးအရ အဖြေရှာနိုင်မည့် အလားအလာကို အားလျော့သွားအောင် လုပ်ဆောင်မှုပင် ဖြစ်လိမ့်မည်ဟု ၎င်းင်းက ပြောကြားခဲ့သည်။ ဥရောပ၌ စစ်ပွဲကိုတားဆီးမည့် ရည်ရွယ်ချက်အတွက် ညီညီညွတ်ညွတ် ရှိနေမည်ဟု ဥရောပခေါင်း ဆောင်များက ကတိပြုခဲ့သည်။ Ref :AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
