ပြင်သစ်နိုင်ငံ၊လယွန်မြို့တွင်ပြင်သစ်ကျန်းမာရေးဝန်ကြီးနှင့် စကားလက်ဆုံကျနေသော WHO အကြီးအကဲ တီဒရိုအက်ဟာနွန် (ယာ) ကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (Photo: AFP)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ COVID-19 အောင်နိုင်ရေးစီမံချက်အတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကို အဆောတလျင် ထည့်ဝင်ခြင်းဖြင့် ချမ်းသာသောနိုင်ငံများအနေဖြင့် ၎င်းတို့မျှမျှ တတထည့်ဝင်ရမည့် ငွေများကို ထည့်ပေးကြရန် ဖေဖော်ဝါရီ ၉ ရက်တွင် WHO က တိုက်တွန်း လိုက်သည်။
WHO ၏ Access to COVID tools Accelerator ထဲသို့ မြန်မြန်ဆန်ဆန်ငွေကြေး ထည့်ဝင်ခြင်းက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးအပေါ်ကိစ္စအနေဖြင့် ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ချေမှုန်း နိုင်စေမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
WHO ကဦးဆောင်လျက်ရှိသော Access to COVID tools Accelerator (ACT-A) သည် ကပ်ရောဂါနှိမ်နင်းရေးပစ္စည်းကိရိယာများဖြစ်သည့် ကာကွယ်ဆေး များ၊ ဆေးစစ်ပစ္စည်းများ၊ ကုထုံးများနှင့် PPE များကို တီထွင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဝယ်ယူ ခြင်းတို့ကို ဆောင်ရွက်ရန် ရည်ရွယ်သည်။
ACT-A က Covax အစီအစဉ်ကို ပေါ် ပေါက်စေခဲ့ကာ ယင်းအစီအစဉ်သည် ပိုမို ဆင်းရဲသောနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးကို ရရှိစေနိုင်ရန် ဖန်တီးထားသော အစီအစဉ်တစ်ခုဖြစ်သည်။
Covax သည် ဇန်နဝါရီလလယ်တွင် ကာကွယ်ဆေး တစ်ဘီလျံကို ပေးပို့ခဲ့သည်။ ACT-A အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ၎င်းင်း၏ အစီအစဉ်များအတွက် အမေရိကန် ဒေါ်လာ ၂၃.၄ ဘီလျံလိုအပ်နေသော်လည်း လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကိုသာ ရရှိထားသည်။
ထို့ကြောင့် ACT-A အနေဖြင့် ငွေကြေး လိုအပ်ချက်ကွာဟမှု ကျဉ်မြောင်းစေရေးအတွက် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကို ချမ်းသာသောနိုင်ငံများထံမှ အလိုရှိနေပြီး ကျန်သောငွေကို ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံများက ကိုယ့်ဘာသာကိုယ်ထည့်ဝင်စေ လိုနေသည်။
အိုမီခရွန်မျိုးကွဲ လျင်လျင်မြန်မြန်ကူး စက်မှုကြောင့် ဆေးစစ်မှုများလုပ်ရန် ပိုမို အရေးကြီးလာကာ ကုသမှုများနှင့် ကာကွယ် ဆေးများကို ညီတူညီမျှ ဖြန့်ဝေပေးရန် အဆောတလျင်လိုအပ်လာသည်ဟု WHO အကြီးအကဲတီဒရိုအက်ဟာနွန်က ပြောကြား ခဲ့သည်။
“ခင်ဗျား ဘယ်နေရာမှာ နေနေ၊ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကျွန်တော်တို့အတူ ပြီးသွားဦး မှာမဟုတ်ပါဘူး။ သိပ္ပံပညာဟာ ကိုဗစ် တိုက် ဖျက်ရေးအတွက် ကျွန်တော်တို့ကို တန်ဆာ ပလာတွေပေးပါတယ်။ အဲ့ဒီတန်ဆာပလာ တွေကို တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ်မျှဝေ ကြမယ်ဆိုရင် ကျွန်တော်တို့ဟာ ဒီနှစ်မှာ ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေး ပေါ်အခြေအနေတစ်ရပ်အနေနဲ့ ချေမှုန်းပစ် နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ကပ်ရောဂါကျရောက်နေသည့်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ပစ္စည်း ၄.၇ ဘီလျံ၏ ၀.၄ ရာခိုင်နှုန်းကိုသာလျှင် ဝင်ငွေ နည်းသောနိုင်ငံများ၌ အသုံးပြုခဲ့ပြီး ထိုနိုင်ငံများမှ ပြည်သူ ၁၀ ရာခိုင်နှုန်းသာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံထားရသည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
