အခါးသီးဆုံးရန်သူတော် အစ္စရေးအထိ ရောက်ရှိလိမ့်ဆိုသည့် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ကို တီထွင်လိုက်သည်ဟု ဖေဖော်ဝါရီ ၉ ရက်တွင် အီရန်တော်လှန်ရေးအစောင့်တပ် က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါဒုံးကျည်ကို ခေဘာချီကန်ဟု အမည်ပေးထားသည်ဟု တော်လှန်ရေးအစောင့်တပ်၏ သတင်းဝက်ဆိုက်ဖြစ်သော Sepahnews တွင်ဖော်ပြထားသည်။ ခုနစ် ရာစုတွင် တမန်တော် မိုဟာမက် တိုက်ခိုက်ခဲ့သည့် အောင်ပွဲရ တိုက်ပွဲအမည်အတိုင်း နာမည်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်။
ခေဘာချီကန်ဒုံးကျည်သည် မဟာဗျူဟာမြောက် တာဝေးပစ်ဒုံးကျည် ဖြစ်သည်ဟု ကြည်းတပ်ဦးစီးချုပ် မိုဟာမက်ဘာဂီရီက ထုတ်ဖော်ပြောကြားခဲ့သည်။
ဒုံးကျည်သည် အကွာအဝေး မိုင် ၉၀၀ ( ကီလိုမီတာ ၁,၄၅၀) ကိုရောက်နိုင်သည်ဟု Sepahnews တွင် ဖော်ပြထားပြီး အစိုင်အခဲ လောင်စာအသုံးပြုထားကာ ဒုံးခွင်းဒုံးစနစ်များကို ထိုးဖောက်နိုင်စွမ်းရှိသည်ဟုဆို သည်။
အီရန်တော်လှန်ရေးအစောင့်တပ်၏ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်အခြေစိုက်စခန်းသို့ ကြည်းတပ်ဦးစီးချုပ်လာရောက်ချိန် လေယာဉ်နှင့် ဒုံးကျည်ဌာနအကြီးအကဲ အမီရာလီဟာဂျီဇာဒက်နှင့်အတူ ခေဘာချီကန်ဒုံးကျည်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
“ဒုံးကျည်ကို ထိန်းရတာလွယ်ကူမှု၊ အလွန်မြန်ဆန်မှုတို့ကြောင့် ဒုံးကျည်ဟာ အချင်းဝက် ပတ်ပတ်လည် ကီလိုမီတာ ၁,၄၅၀ အတွင်းမှာရှိတဲ့ ပစ်မှတ်တွေဆီ ရောက်ရှိစေမှာ ဖြစ်ပါတယ်”ဟု ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အီရန်၏ တာဝေးပစ်ဒုံးကျည်တီထွင်မှုကို အမေရိကန်ပြည်ထောင်စုက ဝေဖန်ခဲ့သည်။
“အီရန်ရဲ့ဒုံးကျည်တီထွင်မှုနဲ့ ပဲ့ထိန်းဒုံးကျည်ပြန့်ပွားရေးတို့ဟာ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး အရေးပါနေတဲ့ မပြန့်ပွားရေးစိန်ခေါ်ချက်အဖြစ် ရှိနေပါတယ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး ဂျာလီနာပေါ်တာက သတင်းထောက်များကို ပြောကြားခဲ့သည်။
“အီရန်ရဲ့ဒုံးကျည်အစီအစဉ် နောက် ထပ်တိုးမြှင့်မှုနဲ့ အခြားနိုင်ငံတွေထံနည်းပညာ ပြန့်ပွားစေဖို့ အီရန်ရဲ့လုပ်နိုင်စွမ်းရည်မှန်သမျှကိုဟန့်တားဖို့ ကျွန်မတို့ဟာ မပြန့်ပွားရေး နည်းလမ်းမျိုးစုံကို ဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ပေါ်တာက ဖြည့်စွက်ပြောကြားသည်။
အီရန်သည် အရှေ့အလယ်ပိုင်းတွင် အကြီးမားဆုံးဒုံးကျည်လက်နက်တိုက်ကို ပိုင်ဆိုင်ထားသည်။
ဒီဇင်ဘာ ၂၄ ရက်တွင် အီရန်သည် စစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်သည့်အနေဖြင့် ပဲ့ထိန်းဒုံးကျည် ၁၆ စင်းကို ပစ်လွှတ်ခဲ့ရာ ယင်းဒုံးကျည်များပစ်လွှတ်ခြင်းသည် အစ္စရေးကို သတိပေးခြင်းဖြစ်သည်ဟု အီရန် ဗိုလ်ချုပ်များက ပြောကြားခဲ့သည်။
အစ္စရေးသည် အီရန်နိုင်ငံ၏ အနောက်ဘက်နယ်စပ်မှ ကီလိုမီတာ ၁,၀၀၀ ကျော်ဝေးသော နေရာတွင် တည်ရှိသည်။
စစ်လက်နက်ပစ္စည်းကိရိယာများနှင့် ပတ်သက်၍ အီရန်သည် မိမိဘာသာဖူလုံနေသည်ဟု ဘာဂီရီက ပြောကြားခဲ့သည်။ အမေရိကန်ပိတ်ဆို့မှုများ ပွင့်သွားမည်ဆိုပါက အီရန်သည် ကမ္ဘာအကြီးဆုံးလက်နက်တင်ပို့ သည့် နိုင်ငံဖြစ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။ အီရန်သည် ခရုစ်ဒုံးကျည်များနှင့် ဒရုန်းများသာမက ပဲ့ထိန်းဒုံးကျည် အမျိုးအစား ၂၀ ခန့်ကိုလည်း ပိုင်ဆိုင်ထားသည်ဟု သိရသည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
