ယူကရိန်းကို ရုရှားက ကျူးကျော်မည့် အလားအလာနှင့် ပတ်သက်၍ဖြစ်ပေါ်လာသော တင်းမာမှုများကြောင့် သဘာဝဓာတ် ငွေ့ရည်တင်ပို့မှုများ အလျဉ်ပြတ်သွားမည့် အရေးအပေါ်စိုးရိမ်မှုများဖြစ်ပေါ်နေချိန် ဂျပန်က မိမိ၏ သဘာဝဓာတ်ငွေ့ရည်ပို့ ကုန်များအား ဥရောပသို့တင်ပို့ပေးရန် ကမ်းလှမ်းလိုက်သည်ဟု ဖေဖော်ဝါရီ ၉ ရက်တွင် ဂျပန်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားသည်။
ဂျပန်ပုဂ္ဂလိကလုပ်ငန်းတွေက သဘာဝဓာတ် ငွေ့ရည်အများအပြားတင်ပို့တာတွေကို ဥရောပဘက်သို့ လမ်းကြောင်းပြောင်းနေပြီ ဖြစ်၍ ယခုလအတွင်း ရောက်မည်ဟု ဂျပန် ကုန်သွယ်ရေးဝန်ကြီး ကိုအီချီဟာဂူဒါက ပြောကြားသည်။
တင်ပို့သည့်သင်္ဘောစင်းရေ သို့မဟုတ် သဘာဝဓာတ်ငွေ့ရည်ပမာဏ မည်မျှရှိသလဲဆိုသည်ကို ၎င်းက အသေး စိတ်ပြောကြားခြင်းမရှိပေ။
မတ်လတွင် နောက်ထပ်သင်္ဘောများ ဥရောပသို့ ဦးတည်သွားကြမည်ဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားကို ပြည့်မီအောင်လုပ်နေရသဖြင့် တင်ပို့မှုများမှာ အကန့်အသတ်ဖြစ်နေမည်ဟု ၎င်းက ပြောကြားသည်။
ယူကရိန်းပဋိပက္ခက ရုရှားဓာတ်ငွေ့ကိုမှီခိုနေရသော ဥရောပတွင် စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင် သည်ဟုဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
