ဟားမာ့စ်အကြီးအကဲရာယာဆင်ဝါ ဂါဇာကမ်းမြောင်တွင် သေဆုံးသွားခြင်းသည် ဂါဇာ၌ ဖြစ်ပွားနေသော တစ်နှစ်ကြာစစ်ပွဲပြီးဆုံးမှု၏နိဒါန်းဖြစ်သည်ဟု အောက်တိုဘာ ၁၇ ရက်တွင် အစ္စရေးဝန်ကြီးချုပ်ဘင် ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။
အချိန်ကြာကြာ လိုက်လံရှာဖွေခဲ့ရပြီး နောက် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်း မြောင် တောင်ပိုင်းတွင် ပြုလုပ်သော စစ်ဆင် ရေးအတွင်း ဟားမာ့စ်စစ်သွေး<ကအုပ်စု၏ ခေါင်းဆောင်ရာယာဆင်ဝါကိို အောက်တို ဘာ ၁၆ ရက်တွင် သုတ်သင်ခဲ့သည်ဟု အစ္စ ရေးစစ်တပ်က ပြောကြားခဲ့သည်။ဆင်ဝါသေဆုံးမှုကို ဟားမာ့စ်က အတည်မပြုပေ။
ဟားမာ့စ်ကို ချေမှုန်းမည်ဟု စစ်ပွဲအ စတွင် ပြောကြားခဲ့သော နေတန်ယာဟုက ဆင်ဝါ သေဆုံးသွားခြင်းကို ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
“ဆင်ဝါ သေဆုံးသွားတာဟာ ဂါဇာစစ် ပွဲရဲ့နိဂုံးမဟုတ်ပေမယ့်လည်း အဲဒါဟာ နိဂုံး ရဲ့နိဒါန်းဖြစ်ပါတယ်”ဟု အစ္စရေး ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။
ဆင်ဝါ သေဆုံးမှုသည် မိစ္ဆာဟားမာ့စ် အစိုးရကျဆင်းမှုတွင် အရေးကြီးသော သမိုင်းမှတ်တိုင်ဖြစ်သည်ဟု စောစောပိုင်း တွင် နေတန်ယာဟုက ပြောကြားခဲ့သည်။
ဂါဇာစစ်ပွဲကို စတင်စေခဲ့သော အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားချိန်၌ ဂါဇာရှိဟားမာ့စ်၏အကြီးအကဲ ဆင်ဝါ သည် ဟားမာ့စ်၏နိုင်ငံရေးဆိုင်ရာ အကြီး အကဲ အစ္စမေးလ်ဟာနီယက် ဇူလိုင်လထဲ တွင် သေဆုံးသွားပြီးနောက် ဟားမာ့စ်စစ်သွေးကအုပ်စု၏ အလုံးစုံ ခေါင်းဆောင်ဖြစ် လာခဲ့သည်။
၎င်းသည် အစ္စရေးသမိုင်းတွင် အပြင်း ထန်ဆုံး တိုက်ခိုက်ခံရမှုဖြစ်သည့် အောက် တိုဘာ ၇ ရက်တိုက်ခိုက်မှုကို နောက်ကွယ်က စီစဉ်ခဲ့သူဖြစ်သည်ဟု ဆိုသည်။ အဆိုပါတိုက် ခိုက်မှုကြောင့် အစ္စရေးတွင် လူ ၁၂၀၆ ဦး သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အရပ် သားများဖြစ်သည်ဟု အစ္စရေးအစိုးရက ထုတ် ပြန်သော ကိန်းဂဏန်းများကို အခြေခံပြီး အေအက်ဖ်ပီက ဖော်ပြခဲ့သည်။
လက်ဘနွန်ကို တိုက်ခိုက်မှုအတွင်း ဟစ်ဇဘိုလာအကြီးအကဲ ဟာဆန်နာဆရယ်လာ သေဆုံးခဲဲ့ပီးနောက် သီတင်းပတ်အနည်းငယ် အကြာတွင် ဆင်ဝါ သေဆုံးသွားကြောင်း အစ္စရေး၏ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
Ref;AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
