နေပြည်တော်၌ (၂၅) ကြိမ်မြောက် ငွေရတုအ ထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အ က၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)အဖြစ် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။
ထိုသို့ ယှဥ်ပြိုင်နေမှုများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသမီးပြိုင်ပွဲဝင်များမှ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာအသုံးပြု၍ တိုင်းနှင့်ပြည်နယ်အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုဖြင အနုသုခုမရသစုံလင်သော ဆို၊ ငို၊ ပြော အကအလှများဖြင့် က ကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း(အမျိုးသမီး) (ဂီတာ)အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ”(ကြိုး) သီ ချင်းအား သီချင်း၏ရသပေါ်လွင်စေပြီး နားဆင်သူများနားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်နေမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။
ယှဥ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီးနောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပ ညာရှင်များနှင့် ပြိုင်ပွဲဝင်များအား နှုတ်ဆက်ခဲ့ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
