ဘရက်စ် - ရန်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၉:၃၀ နာရီ)
အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့အသင်း (၂)သင်းဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ နိုင်သင့်တဲ့ပွဲကိုနိုင်ပွဲရအောင်ကစားတတ်တဲ့ အိမ်ရှင်ဘရက်စ်က အားပိုကောင်းနေပါတယ်။ ရန်းစ်အမြင့်ဆုံးသရေပဲမျှော်လင့်နိုင်မယ်။ ဂိုးနည်းမယ်။
စိန့်အက်တီယန် - လန်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၁:၃၀ နာရီ)
လန်းစ်က နောက်ဆုံး (၅)ပွဲဆက်သရေရလဒ်နဲ့အတူ မိုနာကို၊ PSG တို့နဲ့အတူ လီဂူး-၁ ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေတယ်။ ဒီပွဲလည်း လန်းစ်တို့ မရှုံးလောက်ပါဘူး။
PSG - စထရာဘိုး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၀ ရက် နံနက် ၁:၃၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နိုက်စ်နဲ့သရေကျခဲ့တဲ့ PSG တို့ အဆင့် (၂)နေရာဆင်းပေးလိုက်ရတယ်။ အသင်းက ချန်ပီယံလိဂ်နဲ့ လီဂူးပြိုင်ပွဲအကြားမှာ ဟန်ချက်ညီအောင်ထိန်းကစားနေရပြီး ကြယ်ပွင့်ကစားသမားတွေနည်းပါးသွားခြင်းကလည်း အသင်းရဲ့အရှိန်အဝါကိုလျော့ကျစေခဲ့ပုံပါပဲ။ စထရာဘိုးက PSG ကိုအသာစီးကစားဖို့မဖြစ်နိုင်ပေမယ့် နောက်ဆုံး (၄)ပွဲ ဆက်ရှုံးပွဲမရှိအောင်ကစားထားတဲ့ ခြေစွမ်းအရတော့ ကောင်းကောင်းအခက်တွေ့စေဦးမှာပါ။ ဒီပွဲအပြီးချန်ပီယံလိဂ်ကစားရဖို့ရှိနေတဲ့ PSG တို့ ရာနှုန်းပြည့်အားစိုက်ဖို့ခက်နိုင်ပြီး အိမ်ကွင်း မှာ ကပ်နိုင်လောက်ပဲ ကစားသွားမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
