ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ အားကစားဒါရိုက်တာဖြစ်သူ မိုက်ကယ်အီမန်နယ်လိုက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာနှင့် ဂါလာတာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်တို့အား ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီကလပ်များသည် ၂၀၂၂ ဒီဇင်ဘာတွင် ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက် နာမည်ကျော် ဘောလုံးသမားများစွာကို ခေါ်ယူခဲ့သည်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် အစိုးရကျောထောက်နောက်ခံဖြင့် နေမာ၊ ဘန် ဇီမာ၊ မာနေ၊ ဖာမီနို၊ မီလင်ကိုဗစ်၊ မီထရိုဗစ် တို့ကဲ့သို့ ထိပ်တန်းကစားသမားများကို လစာများစွာ ပေးချေကာ ခေါ်ယူခဲ့သည်။
ဆော်ဒီ ပရိုလိဂ်တာဝန်ရှိသူများသည် နာမည်ကျော် ကစားသမားများကို ခေါ်ယူကာ ၎င်းတို့၏ လိဂ်ပြိုင်ပွဲကို ကမ္ဘာ့ထိပ်တန်းလိဂ် ဖြစ်လာရန် ရည်မှန်းထားကြောင်း သိရသည်။ လက် ရှိတွင် ဆော်ဒီပရိုလိဂ်မှာ အောင်မြင်မှုများ ရရှိနေပြီး ပြိုင်ပွဲတာဝန်ရှိသူများသည် ဥရောပမှ ထိပ်တန်းကစားသမားများကို ထပ်မံခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။
ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာနှင့် နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်တို့အား ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ သို့သော် ဆာ လာသည် လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ပြီး အိုဆင်မန်မှာလည်း ဥရောပတွင် ဆက်လက်ကစားလိုသည့်အတွက် ဂါလာတာစာရေးအသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ ဆာလာနှင့် အိုဆင်မန်တို့အနေဖြင့် ဥရောပတွင် ဆက်ကစားနေကြသော်လည်း ဆော်ဒီပရိုလိဂ်အားကစားဒါရိုက်တာ အီမန်နယ်လိုက ၎င်းတို့အား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အီမန်နယ်လိုက "အပြောင်းအရွှေ့ဖြစ်၊ မဖြစ်က မို(ဆာလာ)အပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့နွေက သူ့ကို ကျွန်တော်တို့ ဆော်ဒီကလပ်တွေ ခေါ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတာ မှန်ပါတယ်။ အိုဆင်မန်လိုပဲ ဆာလာကိုလည်း ခေါ်ယူဖို့ ကျွန်တော်တို့ စိတ်ဝင်စား ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကလပ်တွေ သူတို့ကို ရောင်းချဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး အဆမတန်ပေးပြီး ခေါ်ယူမှာ မဟုတ်ပါဘူး။ ကစားသမားတွေကိုယ်တိုင်က ဒီကို လာချင်ဖို့ လိုပါတယ်။ ဆာလာနဲ့ အိုဆင်မန်တို့က ဆော်ဒီကိုလာဖို့ အသင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဆာလာ(၃၂ နှစ်)သည် ယခုရာသီကုန်တွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ အိုဆင်မန်မှာမူ ဥရောပထိပ်တန်းလိဂ်တွင် ဆက်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
