မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက အောင်မြင်မှုများ ဆက်လက်ရယူနိုင်ရန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားဖြစ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စပိန်နိုင်ငံထုတ် Marca သတင်းစာက ချီးမြှင့်သည့် ၂၀၂၄ MARCA America Award ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းဆုမှာ ကစားသမားဘဝ တစ်လျှောက် ဆုဖလားအောင်မြင်မှု ၄၆ ကြိမ် ရရှိထားသည့် မက်ဆီကို ဂုဏ်ပြုသည့်အနေဖြင့် ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်သည့် ဆုဖြစ်ကြောင်း သိရသည်။
"ကျွန်တော်က ကိုယ့်ရဲ့အိပ်မက်တွေ အားလုံးကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ငယ်ငယ်က အိပ်မက်မက်ထားခဲ့တာထက် အများကြီး အောင်မြင်ခဲ့တာပါ။ ဘုရားသခင်က ကျွန်တော့်ကို အဲဒီအရာ ချီးမြှင့်ခဲ့တာပါ။ ကစားသမားတစ်ယောက်အတွက် အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ဖလားကို ကျွန်တော် ရယူနိုင်ခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာမှာ ဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့တယ်။ ပါရီမှာလည်းရရှိခဲ့သလို အခု အင်တာနဲ့လည်း ရယူနိုင်ခဲ့ပါပြီ။ နောက်ထပ်အောင်မြင်မှုတွေ အများကြီးရရှိ ဖို့ ကျွန်တော် ဆက်ပြီးတိုက်ပွဲဝင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် အာဂျင်တီးနားလက်ရွေးစင် အဖြစ်မှ အနားယူမည့် အစီအစဉ်နှင့်ပတ်သက်၍ မက်ဆီက "ကျွန်တော်က နေ့စဉ်နေ့ တိုင်းပျော်ရွှင်ဖို့ပဲ ကြိုးစားပါတယ်။ အဲဒီအချိန် ရောက်လာတဲ့အခါ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ကျွန်တော်က အချိန်တွေကို အရှိန်မြှင့်ရတာ မကြိုက်ပါဘူး။ ဒီအဆင့်မျိုးမှာ ဆက်ပြီးစွမ်းဆောင်နိုင်ဦးမယ်၊ ခံစားချက်ကောင်းမွန်ပြီး ပျော်ရွှင်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီအချက်က ကျွန်တော့်အတွက်တော့ အဲဒီဟာ (၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခြင်း) ကို လုပ်မလား၊ မလုပ်ဘူးလားဆိုတာထက် ပိုအရေးကြီးပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
မက်ဆီသည် ဇွန်လအတွင်း အသက် ၃၇ နှစ်ပြည့်မြောက်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကို၊ အမေရိကန် သုံးနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဇွန်-ဇူလိုင်တွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပချိန်၌ အသက် ၃၉ နှစ်အထိ ရှိနေမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
