အငြင်းပွားဖွယ်မရှိ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်လေးခုစလုံးရရှိထားသူ ရုရှားလက်ဝှေ့သမား အော်တာဘီတာဘိဗ်အား ချန်ပီယံခါးပတ်ကာကွယ်ပွဲထိုးသတ်ရန် IBF (နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်) က ညွှန်ကြားထားကြောင်း သိရသည်။
ဘီတာဘိဗ် (၃၉ နှစ်) သည် အောက်တိုဘာ ၁၂ ရက်က ဆော်ဒီနိုင်ငံ၌ကျင်းပသည့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် ရုရှားတစ်နိုင်ငံတည်းသား ဒီမီထရီဘီဗောလ် (၃၃ နှစ်) ကို အမှတ်ဖြင့် အနိုင်ရပြီး WBC ၊ IBF နှင့် WBO ချန်ပီယံခါးပတ်များ ကာကွယ်နိုင်ခဲ့ သလို WBA (Super) ချန်ပီယံခါးပတ်ကိုပါ လွှဲပြောင်းရယူနိုင်ခဲ့သည်။
ဘီတာဘိဗ်သည် ၂၀၀၂ ခုနှစ်က WBA ၊ WBC ၊ IBF ချန်ပီယံခါးပတ်သုံးခုရရှိဖူးသည့် အမေရိကန်လက်ဝှေ့သမား ရွိုင်းဂျုံးစ်ဂျူနီယာနောက်ပိုင်း ပထမဆုံး အငြင်းပွားဖွယ်မရှိ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာသလို ခါးပတ်လေးခုချီးမြှင့်ကာလတွင် ခါးပတ်အားလုံးရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဘီဗောလ်က ဘီတာဘိဗ်နှင့် မကျေပွဲ ထိုးသတ်ခွင့်ပြုရန်အတွက် ကူညီပေးရန် ရှေ့နေဖြစ်သူမှတစ်ဆင့် WBO ၊ WBA ၊ IBF ၊ WBC တို့ထံ အောက်တိုဘာ ၁၆ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။ သို့သော် IBF က ဘီတာဘိဗ်အား ချန်ပီယံခါးပတ် အတွက် နံပါတ် ၁ စိန်ခေါ်သူဖြစ်သည့် ဂျာမနီ လက်ဝှေ့သမား မီချာအယ်အိုင်းဖက်နှင့် ထိုးသတ်ရန် တရားဝင်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ယခင်ကလည်း အလားတူအခြေအနေကြုံတွေ့ဖူးပြီး ဟဲဗီးဝိတ်တန်း ခါးပတ်လေးခုပိုင်ရှင် အိုလက်ဇန္ဒားအူဆိုက်မှာ တိုင်ဆန်ဖျူရီနှင့် မကျေပွဲထိုးသတ်လိုသဖြင့် IBF ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
