မန်ယူအသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် လူငယ်ကွင်းလယ်လူ ကိုဘီမိန်နူး ထပ်တိုးလာပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အသက် ၁၉ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား မိန်နူးသည် နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ဗီလာအသင်းနှင့်ပွဲ၌ ဒဏ်ရာရရှိခဲ့သဖြင့် ဒုတိယပိုင်း ၈၅ မိနစ်တွင် လူစားလဲခဲ့ရသည်။ ၎င်းအနေဖြင့် ကြွက်သား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အသင်း၏ UEFA Nations League ပွဲစဉ်နှစ်ပွဲကိုပါ လွဲချော်ခဲ့ရသည်။
မိန်နူး၏ ဒဏ်ရာအခြေအနေကို မန်ယူအသင်းက အတိအကျထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရက်သတ္တပတ်အနည်းငယ် အနားယူရနိုင်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
ဗီလာအသင်းနှင့်ပွဲတွင် မိန်နူးနှင့်အတူ အတူ ဒဏ်ရာရရှိခဲ့သဖြင့် ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည့် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းရားမှာလည်း အလားတူ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် ၁၀ ဦးအထိရှိနေပြီး ယိုဟို (ခြေချင်းဝတ်)၊ မာလာစီယာ (ဒူး)၊ မာဇရာဝီ (နှလုံး)၊ လုခ်ရှော (ခြေသလုံး)၊ မေဆန်မောင့် (ဦးခေါင်း)၊ ဂါနာချို (ဒူး)၊ အာမက် (ဖျားနာ)၊ မက်ဂွိုင်းရား (ခြေသလုံး)၊ မိန်နူး (ပေါင်)၊ အူ ဂါတေ (ကြွက်သား) တို့ ဒဏ်ရာရရှိထားခြင်းဖြစ်သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသဖြင့် နည်းပြ အဲရစ်တန်ဟက်ဂ်၏ အနာဂတ်မှာ မရေမရာ ဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
