Top News

■ ဘင်သံညံစေမှာလား တူဟယ်လ်
24htopnews | October 19, 2024 1:12 PM CST

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၆)ရက်နေ့မှာပဲ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က လစ်လပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူး အတွက် ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်ကို ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့တယ်။ အသက် (၅၁)နှစ်အရွယ် တူဟယ်လ်ဟာ အဲရစ်ဆင် (ဆွီဒင်၊ ၂၀၀၁ မှ ၂၀၀၆ ထိ)နဲ့ ကာပယ်လို (အီတလီ၊ ၂၀၀၈ မှ ၂၀၁၂ ထိ)တို့ရဲ့နောက် အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် တတိယမြောက် ဗြိတိန်ပြင်ပလူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပထမဆုံးဂျာမန်လူမျိုးနည်းပြအဖြစ်လည်း စံချိန်မှတ်တမ်းသစ် တင်ရှိနိုင်ခဲ့ပါတယ်။ တူဟယ်လ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ အကြိုသဘောတူညီမှု ရရှိပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ကတည်းက အင်္ဂလန်အသင်းပရိသတ်တွေဟာ အသင်းရဲ့အနာဂတ်အပြောင်းအလဲတွေ၊ အောင်မြင်မှုတွေအကြောင်းတွေးဆရင်း ပြုံးပျော်ခဲ့ကြသလို၊ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA)တာဝန်ရှိသူတွေရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးလုပ်ဆောင်မှုဆိုပြီး အရွှန်းဖောက်ချီးကျူးခဲ့ကြတယ်။ 


READ NEXT
Cancel OK