မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လက်ထောက်နည်းပြနှင့် အား/ကာသိပ္ပံ အမျိုးသမီးအသင်း လက်ထောက်နည်းပြ ဒေါ်စန်းစန်းသိန်းသည် ဂျပန်နိုင်ငံ၌ ဖွင့်လှစ်နေသည့် ပရိုနည်းပြလိုင်စင်သင်တန်း တက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၆ ရက် တွင် ထွက်ခွာသွားကြောင်း သိရသည်။
ပရိုနည်းပြလိုင်စင်သင်တန်းဖြစ်သောကြောင့် သင်တန်းကာလမှာ တစ်နှစ်ခွဲဝန်းကျင် ကြာမြင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ဂျပန်နိုင်ငံသို့ ခုနစ်ကြိမ်မှ ၁၀ ကြိမ်အထိသွား ရောက်၍ သင်တန်းတက်ရောက်ရမည်ဖြစ်သည်။ ဒေါ်စန်းစန်းသိန်းသည် မြန်မာဘော လုံးသမိုင်းတွင် ပထမဆုံး ပရိုနည်းပြလိုင်စင် သင်တန်းတက်ရောက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စာတွေ့၊ လက်တွေ့သင်ကြားမှုများအပြင် စာမေးပွဲဖြေဆိုအောင်မြင်မှသာ ပရိုနည်းပြလိုင်စင်ရရှိမည်ဖြစ်သည်။
ယင်းသင်တန်းကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး AFC အနေဖြင့် အာရှဒေသတွင်း အမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပရိုနည်းပြလိုင်စင် ရရှိသူများ ထွက်ပေါ်လာစေရန် ဆောင်ရွက် ပေးခြင်းဖြစ်သည်။ သင်တန်းကြေးကို အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းကျခံခြင်းဖြစ်ပြီး ဒေါ်စန်းစန်းသိန်း၏ ခရီးသွားလာမှုကုန်ကျစရိတ်များနှင့် အခြားကုန်ကျစရိတ်များကိုမူ MFF က ကျခံပေးမည်ဖြစ်သည်။
"ဒေါ်စန်းစန်းသိန်းတက်ရောက်နေတဲ့ ပရိုနည်းပြလိုင်စင်သင်တန်းက တစ်နှစ်ခွဲဝန်း ကျင်လောက် ကြာမြင့်မှာပါ။ နှစ်လတစ်ကြိမ်လောက် သင်တန်းသွားတက်ရမှာဖြစ်ပြီး တစ်ခါသွားရင် နှစ်ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကာလ တစ်နှစ်ခွဲဝန်းကျင်အတွင်းမှာ ဒါမျိုး ခုနစ်ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ သင်တန်းသွားတက်ရမှာဖြစ်ပါတယ်။ စာတွေ့၊ လက်တွေ့သင်ကြားမှုတွေ၊ စာမေးပွဲဖြေဆိုမှုတွေပြုလုပ်ပြီး စာမေးပွဲအောင်မြင်ပြီးမှ ပရိုနည်းပြလိုင်စင်ရရှိမှာပါ"ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် နည်းပြလိုင်စင်များအနက် အမြင့်ဆုံးဖြစ်သည့် ပရိုနည်းပြလိုင်စင်သင်တန်းကို ရန်ကုန်မြို့၌ လာမည့်နှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာနိုင်ငံ၌ ဖွင့်လှစ်မှသာ အမျိုးသားနည်းပြများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
