ကမ္ဘာကျော် Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်လ်ဒိုက ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦး အနက် ဆော်ဒီလိဂ်မှ လေးဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်း နှင့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုသည် ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၂၂၀ နှင့် စပွန်ဆာစာချုပ်များမှရရှိသည့် ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၆၅ သန်း၊ စုစုပေါင်း ဒေါ်လာ ၂၈၅ သန်းအထိရရှိပြီး ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ အဓိကပြိုင် ဘက်သူ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၆၀ နှင့် ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၇၅ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၃၅ သန်းဖြင့် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည်။
၎င်းတို့၏နောက်တွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ ဘရာဇီးတိုက်စစ်မှူး နေမာက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၈၀၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၃၀၊ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၁၀၀၊ ကွင်း ပြင်ပဝင်ငွေ ဒေါ်လာလေးသန်း၊ ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင်အသင်း ခေါင်းဆောင် ကီယန်အမ်ဘာပေက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၇၀၊ ကွင်းပြင်ပဝင် ငွေ ဒေါ်လာသန်း ၂၀၊ မန်စီးတီးအသင်း၏ နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်းက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၄၆ သန်း၊ ကွင်း ပြင်ပဝင်ငွေ ဒေါ်လာ ၁၄ သန်း၊ ရီးယဲလ်မက် ဒရစ်အသင်း၏ ဘရာဇီးတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ကွင်းတွင်းဝင်ငွေ ဒေါ်လာ သန်း ၄၀၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၁၅ သန်း၊ လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေး စင် အသင်းခေါင်းဆောင် မိုဟာမက်ဆာလာက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၃၅ သန်း၊ ကွင်း ပြင်ပဝင်ငွေ ဒေါ်လာ ၁၈ သန်း၊ ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ ဆီနီဂေါတောင်ပံ ကစားသမား ဆာဒီယိုမာနေက ကွင်းတွင်း ဝင်ငွေ ဒေါ်လာ ၄၈ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာလေးသန်း၊ မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းခေါင်းဆောင် ကယ်ဗင်ဒီဘရိုင်းနားက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၃၅ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာလေးသန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။
လစာအများဆုံး ဘောလုံးသမား ၁၀ ဦး
အမည် ကွင်းတွင်းဝင်ငွေ ကွင်းပြင်ပဝင်ငွေ
ရော်နယ်လ်ဒို ၂၂၀ သန်း ၆၅ သန်း
မက်ဆီ ၆၀ သန်း ၇၅ သန်း
နေမာ ၈၀ သန်း ၃၀ သန်း
ဘန်ဇီမာ ၁၀၀ သန်း ၄ သန်း
အမ်ဘာပေ ၇၀ သန်း ၂၀ သန်း
ဟာလန်း ၄၆ သန်း ၁၄ သန်း
ဗင်နီစီယပ်စ် ၄၀ သန်း ၁၅ သန်း
ဆာလာ ၃၅ သန်း ၁၈ သန်း
မာနေ ၄၈ သန်း ၄ သန်း
ဒီဘရိုင်းနား ၃၅ သန်း ၄ သန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
