အခုတစ်ပတ်ကစပြီး ရင်ဆိုင်ရမယ့် ပွဲကျပ်ကာလကို အထိအခိုက်နည်းနည်းနဲ့ ကျော်ဖြတ်နိုင်မှသာ မာရက်စကာအနေနဲ့ စစ်မှန်တဲ့ အရည်အသွေးကို ပြသနိုင်မှာပါ။ ချယ်လ်ဆီးအသင်းက နိုဝင်ဘာလ ပြိုင်ပွဲတဖြတ်နားချိန်အထိ ပွဲကျပ်တွေ တောက်လျှောက်ယှဉ်ပြိုင်သွားရမှာပါ။ ဒီကာလအတွင်းမှာ ပရီးမီးယားလိဂ်အပြင် လိဂ်ဖလားနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေလည်း ရှိနေတာကြောင့် တခြားပရီးမီးယားလိဂ်ထိပ်သီးတွေလိုပဲ ၃ ရက်တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်သွားရမှာပါ။ ဒီခေတ်ဘောလုံးလောကမှာ ဒီလိုနှုန်းထားနဲ့ ယှဉ်ပြိုင်ကစားရတာ မထူးဆန်းတော့ဘူးလို့ ဆိုနိုင်ပေမဲ့ အဲဒီလို ပွဲဆက်များနေချိန်မှာ ရင်ဆိုင်ရမယ့်အသင်းတွေက ပြိုင်ဘက်ကောင်းတွေ ဖြစ်နေခဲ့ရင်တော့ နည်းပြတွေအနေနဲ့ ချွေးပြန်ချင်စရာပါပဲ။ အခု မာရက်စကာ ချွေးစို့နေလောက်ပါပြီ။ အောက်တိုဘာ ၂၀ ကနေ နိုဝင်ဘာ ၁၀ ရက်အတွင်းမှာ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၇ ပွဲရှိပြီး ပြိုင်ဘက်တွေက လီဗာပူးလ်၊ ပင်နယ်သီနေကော့စ်၊ နယူးကာဆယ်၊ မန်ယူ၊ နိုအာနဲ့ အာဆင်နယ်တို့ ဖြစ်ပါတယ်။ နယူးကာဆယ်ကို ပရီးမီးယားလိဂ်မှာရော လိဂ်ဖလားမှာပါ နှစ်ပွဲဆက်ရင်ဆိုင်ရမှာပါ။ စိုးရိမ်စရာအကောင်းဆုံးက ပရီးမီးယားလိဂ်မှာ ထိပ်သီးပြိုင်ဘက် ၄ သင်းနဲ့ ဆက်တိုက်ယှဉ်ပြိုင်သွားရမယ့် အခြေအနေပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
