အိန္ဒိယနိုင်ငံတွင် ယခုသီတင်းပတ် အစောပိုင်းက လေကြောင်းလိုင်းများကို ဗုံးခွဲမည်ဟု အွန်လိုုင်းပေါ်တွင် ရေးသားခဲ့သည့် ဆယ်ကျော်သက်တစ်ဦးကို မွန်ဘိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယလေကြောင်း ရေးရာဝန်ကြီးက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယလေကြောင်းလိုင်များသည် ၎င်းတို့၏ လူမှုမီဒီယာ page များတွင် ပြည်တွင်း၊ပြည်ပ လေကြောင်းခရီး စဉ်များအပေါ် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ထိုခြိမ်းခြောက်မှု အားလုံးသည် အများ ပြည်သူ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်သည့် ခြိမ်းခြောက်မှု အတုများသာဖြစ်ခဲ့သည်။
ထိုသို့ ထိခိုက်နစ်နာစေတတ်ပြီး တရားမဝင်သည့် လုပ်ဆောင်ချက်များသည် အလွန်စိုးရိမ်စရာ ကောင်းသည့် ကိစ္စဖြစ်ပြီး မိမိအနေဖြင့် မိမိတို့ လေကြောင်းကဏ္ဍ၏ ဘေးကင်းလုံခြုံရေး၊ လုပ်ငန်းလည်ပတ်မှုတို့ကို ထိခိုက် နစ်နာစေရန် လုပ်ဆောင်သည့် မည်သည့် အားထုတ်ကြိုးပမ်းမှုကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း လေကြောင်းရေးရာဝန်ကြီး ရမ်မိုဟန် နာအီဒူ ကင်ဂျာရာပူက facebook တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသူသည် ချဟတ်တီစဂါပြည်နယ် ရာဂျ်နန် ဂါအွန်မြို့မှ အသက် ၁၇ နှစ်အရွယ် လူငယ်ဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သော်လည်း ၎င်း၏ အမည်ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
