ပါကစ္စတန်နိုင်ငံ၏ ကောလိပ်နယ်မြေတစ်ခုအတွင်း၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ ကြောင်း အွန်လိုင်းပေါ်တွင် ကောလာဟလများ ပျံ့နှံ့ခဲ့ပြီးနောက် နိုင်ငံ၏လူဦးရေ အထူထပ်ဆုံး ပန်ဂျပ်ပြည်နယ်၏ အာဏာပိုင်များ က အောက်တိုဘာ ၁၈ ရက်တွင် ကျောင်းများနှင့် တက္ကသိုလ်၊ကောလိပ်များအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းပညာရေးဌာနအားလုံးကို ပိတ်ထားရန် ထုတ်ပြန်သည့်အမိန့်ကြောင့် ပြည်နယ်အတွင်းရှိ အရွယ်ရောက်ပြီး ပညာသင်ကြားသူများအပါအဝင် ကလေးပေါင်း ၂၆သန်းခန့်အပေါ် သက်ရောက်မှု ရှိလိမ့်မည်ဟု ဆိုသည်။
သီတင်းပတ်ကုန်ကျော်က ပန်ဂျပ်အမျိုးသမီးကောလိပ်၏ မြေအောက်ခန်းတစ်နေရာတွင် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း လူမှုမီဒီယာတွင် သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၊ ကောလိပ်နှင့်ပြည်နယ်အစိုးရက အဓမ္မပြုကျင့်မှုဖြစ်စဉ်အတွက် လာရောက် တိုင်ကြားသူမရှိသောကြောင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားများဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့သည်။
ယင်းနောက် ဆန္ဒပြမှုများသည် လာဟိုးမြို့နှင့် ရာဝယ်ပင်ဒီမြို့တစ်ဝန်းရှိ ကောလိပ်နယ်မြေများသို့ ပျံ့နှံ့ခဲ့ပြီး အာဏာပိုင်များက ယင်းဖြစ်စဉ်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း အာဏာပိုင်များက စွပ်စွဲထားသည်။
အောက်တိုဘာ ၁၇ ရက်က မြို့အတွင်းရှိ ဆန္ဒပြမှုများတွင် လက်သရမ်းဖျက်ဆီးပြီး မီးရှို့မှုများအတွက် လူ ၃၈၀ ကို ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အကြီးတန်းရာဝယ်ပင်ဒီ ရဲအရာရှိ ဆေယက်ခါလစ်က အောက်တိုဘာ၁၈ရက် တွင်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လူမှုမီဒီယာကနေ သတင်းဖြန့်တဲ့ လူတွေကို ခြေရာခံသွားမှာပါ”ဟု ၎င်းက ဆိုသည်။
ပန်ဂျပ်၏ပညာရေးနှင့် ပြည်ထဲရေးဌာနက အောက်တိုဘာ ၁၇ ရက် နှောင်းပိုင်း၌ သီးခြားထုတ်ပြန်သည့် အကြောင်းကြားစာသုံးခုတွင် ပညာရေးဌာနများ အားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း သံသယဖြစ်ဖွယ် အဓမ္မပြုကျင့်မှု ဖြစ်စဉ်သို့မဟုတ် ဆန္ဒပြမှုများနှင့် ဆက်နွှယ်မှုရှိ၊မရှိ ဖော်ပြထားခြင်း မရှိပေ။
ပြည်နယ်ပြည်ထဲရေးဌာနက အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လူစုဝေးမှုများကို တားဆီးပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့သည်။
“သူတို့တွေက (ပညာရေးအဖွဲ့အစည်း)သူတို့ရဲ့ ဌာနဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အမှန်တရားကို ဖုံးကွယ်ဖို့ အစိုးရနဲ့ထိပ်သီး တာဝန်ရှိသူတွေကို လာဘ်ထိုးထားပါတယ်”ဟု အသက် ၁၉ နှစ်အရွယ် ကျောင်းသူ တစ်ဦးက ပြောကြားခဲ့သည်။
ယင်းဆန္ဒပြမှုများသည် ကောလိပ်များရှိ အမျိုးသမီးများ၏ ဘေးကင်းလုံခြုံရေး၊ အရှက်တရားနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတို့အပြင် အာဏာပိုင်များအပေါ် မယုံကြည်မှုများနှင့်ပတ်သက်၍ ပါကစ္စတန် ကျောင်းသူများအကြား စိုးရိမ်မှုများကို ရောင်ပြန်ထင်ဟပ်လျက်ရှိသည်။
ကျောင်းသားအများစု ပါဝင်သည့် ဆန္ဒပြသူများသည် လာဟိုးရှိ ကျောင်းနယ်မြေများအတွင်း ပြတင်းပေါက်များကို ရိုက်ခွဲခြင်းများနှင့် ကျောင်းဘတ်စ်ကားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲအများအပြားတွင် ကျောင်းသားများသည် ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်းများလည်း ဖြစ်ပွားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
