စက်သုံးဆီ ဒီဇယ်ဈေး မြင့်တက်လာမှုကြောင့် ရန်ကုန်မြို့အတွင်း မြို့ပတ်ပြေးဆွဲနေသော မြို့ပတ်နှင့်လော်ကယ်ရထား လက်မှတ်ခများကို အောက်တိုဘာ (၂၀)ရက်မှ စတင်ကာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
လက်မှတ်ခများအနေဖြင့် မိုင် (၂ဝ) ခရီးအတွက် ယခင် (၂ဝဝ) ကျပ်အစား (၄ဝဝ) ကျပ်၊ မိုင် (၂ဝ) နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် (၃ဝဝ) ကျပ်အစား (၈ဝဝ) ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သည်ဟု သိရသည်။
ယင်းသို့ ပြောင်းလဲကာ တိုးမြှင့်သတ်မှတ်သွားမည့် လက်မှတ်ခနှုန်းထား အသစ်နှင့် ပတ်သက်၍ ရထားစီးနင်းမည့် ခရီးသည်များသိရှိစေရန် ရထားဘူတာလက်မှတ်ရုံများတွင် ကြိုတင်ကြေညာထားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုနည်းတူ ရန်ကုန် – မော်လမြိုင် အစုန်အဆန် ရထားလက်မှတ်ခများ ဈေးနှုန်းတိုးမြှင့်မည်ဖြစ်ပြီး လေအိတ်ရထားတွဲဆိုင်း၏ အထက်တန်း မော်လမြိုင် မှ ရန်ကုန် ထိ (၁၃၀၀၀) ကျပ်၊ ရိုးရိုးတန်း မော်လမြိုင်မှ ရန်ကုန်ထိ (၈၀၀၀) ကျပ် ဖြ စ်မည်ဖြစ်ကာ ရိုးရိုး (AAR) တွဲဆိုင်း အထက်တန်း မော်လမြိုင် မှ ရန်ကုန်ထိ (၁၂၀၀၀) ကျပ်၊ ရိုးရိုးတန်း မော်လမြိုင် မှ ရန်ကုန်ထိ (၇၀၀၀) ကျပ်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
