ရခိုင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေး ရာနှုန်းပြည့်ရပ်တန့်နေသည့်အတွက် ကုန်သည်များအနေဖြင့် ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ တိုက်ရိုက်ကုန်သွယ်နေကြောင်း ရခိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် အဓိကကုန်သွယ်ရေးပြုလုပ်နေသည့် ရခိုင်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
” ကုန်သွယ်ရေးက ရပ်နေတာကြာပြီ။ မသွားတော့ဘူးပေါ့။ ဒါပေမဲ့ ရန်ကုန်ကနေတော့ သွားကြတယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) ရက်၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ပြီး မောင်တောမြို့နယ်အတွင်းရှိ ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကို ကနဦးရပ်နားခဲ့ရကာ တစ်ဆက်တည်းတွင် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းလည်း ရပ်နားခဲ့ရကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း သုံးနှစ်အတွင်း စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၂ သန်းသာရှိခဲ့ပြီး မောင်တောမြို့မှ နယ်စပ်ကုန်သွယ်ရေးစခန်းသည် အမေရိကန်ဒေါ် လာ ၀ ဒသမ ၀၃ သန်းသာ ရှိခဲ့ကြောင်း စာရင်းအချက်အ လက်များအရ သိရသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့်စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဖြစ်ကြသည့် ဆန်၊ ကြက်သွန်၊ ပဲမျိုးစုံ၊ နှမ်းနှင့် မြေပဲ ၊ ရေထွက်ကုန်ပစ္စည်းများဖြစ်ကြသည့် ရေချို၊ ရေငံ ငါးမျိုးစုံကို အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
