မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားပွဲတော်တွင် ယနေ့ အောက်တိုဘာ(၁၉)ရက် (သီတင်းကျွတ်လပြည့်ကျော် (၂)ရက်) နံနက်ပိုင်းတွင် ရပ်နီးရပ်ဝေးများမှ ဘုရားဖူးလာများဖြင့်စည်ကားနေကြောင်း သိရသည်။
“ဘုရားဖူးက ဒီရက်ပိုင်းအဝင်အထွက် များပါတယ်။ အဖိတ်နေ့ကနေစပြီး မော်လမြိုင်၊ ရန်ကုန်နဲ့ မြို့တော်တော်များများကလာဖူးကြတယ်။ ညအိပ်ဧည့်သည်တွေလည်းရှိတယ်။ မော်လမြိုင်လိုနေရာကြတော့ နေချင်းပြန်ကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ် ကျင်းပပြုလုပ်သည့် ကျိုက္ခမီဆုတောင်ပြည့်ရေလယ်ဘုရားပွဲတော်၌ အောက်တိုဘာ (၁၇)ရက် (သီတင်းကျွတ်လပြည့်) နံနက် (၃)နာရီအချိန်တွင် ဆွမ်းအိုးမျှောပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျိုက္ခမီ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ဇာတ်သဘင်ပွဲ (ဗလာပွဲ)များကို ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာဇာတ်ရုံကြီးနှင့် မြို့လယ်ကျောက်တိုင်တို့တွင် ထည့်သွင်းပြုလုပ်လျှက်ရှိပြီး၊ အလွတ်တန်းဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ယနေ့ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဘုရားဖူးများဖြင့် စည်ကားနေသည့် ပုံရိပ်








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
