ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် အင်းလေးတွင် ခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း (၂၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
မုန်တိုင်းယာဂီ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု၊ ရေနစ်မြှုပ်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
မိုးသည်းထန်ရွာစွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများ ရေနစ်မြှုပ်ခဲ့သည့်အတွက် ခရမ်းချဉ်သီးဈေးလည်း ရုတ်တရက်မြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဘေးစတင်မဖြစ်ပွားခင် အင်းလေးဒေသတွင် ခရမ်းချဉ်သီးတစ်ပိဿာ (၂၅၀၀) ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် တပိဿာ (၄၂၀၀) ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အင်းလေးဒေသထွက် ခရမ်းချဉ်သီး မရှိသလောက် ရှားပါးနေပြီဖြစ်ကာ အထိန်းအသိမ်းကောင်းသော ခြံရှင်အချို့သာ ကျွန်းမျော အနည်းငယ်ကျန်ရှိမည်ဖြစ်ပြီး ကုန်းသီးနှင့် ရောရောင်းနေရကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
