ကပ္ပလီပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်သည့် လေပွေလှိုင်းများကြောင့် အောက်တိုဘာ(၂၀)ရက်နေ့အထိ ရန်ကုန်အပါအဝင် တိုင်းမြို့နယ် ခြောက်ခုတွင် မိုးများနိုင်ကြောင်း အရပ်ဘက်မိုးဇလ လေ့လာသူ ဦးဝင်းနိုင်က လူမှုကွန်ယက်တွင် ပြောသည်။
ယင်းတိုင်း၊မြို့များမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တင်္နသာရီတိုင်းတို့ ဖြစ်ကြပြီး အောက်တိုဘာ ၁၉ ရက် ညနေ ၅ နာရီမှ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက်၊ ၁ ဒသမ ၁၈ လက်မအထက် ရွာသွန်းနိုင်ကြောင်း သူက ပြောသည်။
ထို့အပြင် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းကစ၍ ဖြစ်ပွါးခဲ့သည့် ကပ္ပလီပင်လယ်ပြင်၏ အထက်လေထုလွှာအတွင်း လေပွေလှိုင်းများသည် အနောက်နှင့် အနောက်မြောက်ဘက်ကို ဆက်လက် ရွှေ့လျားရာမှ စတင်လာသည့် မုန်တိုင်းလမ်းကြောင်း GFS Model အရ မြောက်ဘက်ကို ပိုရောက်သည့် အတွက် မုန်တိုင်းအရွယ်အစား ကြီးမားလာကာ မြန်မာ့တောင်ပိုင်းဒေသ တခုလုံးအပေါ် သက်ရောက်မှုပိုများလာနိုင်ကြောင်းလည်း သူက ကြိုတင် ခန့်မှန်းထားသည်။
ထိုနည်းတူ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ရာသီဥတုဖြစ်စဉ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ အောက်တိုဘာ ၁၇ ရက်ည ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းသည် ထိုင်းပင်လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်း၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့်ဖြစ်သည်ဟု မိုးဇလကပြောသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ယင်းဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလကသတိပေးခဲ့သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
