သီတင်းကျွတ် ရုံးပိတ်ရက်တွင် ပန်ဆိုးတန်း – ဒလ ချယ်ရီသင်္ဘောဖြင့် လည်ပတ်သွားလာသူ ပုံမှန်ထက် ပိုမိုများပြားလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ပန်းဆိုးတန်းမြို့နယ်မန်နေဂျာ ဦးထူးခန့် ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တွင် သီတင်းကျွတ်ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများသို့ ဒလဘက်မှ လာရောက်လည်ပတ်လျက်ရှိသလို ရန်ကုန်မှ ဧရာဝတီတိုင်းရှိ နယ်မြို့များသို့ ပြန်သူများရှိခြင်းကြောင့် ခရီးသည်ဦးရေများလာခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘော နေ့စဉ်စီးနင်းသူခရီးသည် ဦးရေသည် (၈၀၀၀) ခန့်ရှိပြီး သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ယင်းထက်ပိုများကြောင်း သိရသည်။
ပန်းဆိုးတန်း – ဒလ ကူး ချယ်ရီ သင်္ဘာလိုင်းကို ခရီးသည်များ သွားလာရေးအဆင်ပြေစေရန်အတွက် ညပိုင်းအကြိမ်ရေ တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါ ကူးတို့ခရီးစဉ်ကို ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံများ ရန်ကုန်မြို့သို့ ကူးသန်း သွားလာရာတွင် ဒလမြို့နယ်သင်္ဘောဆိပ် မှတဆင့် ကူးသန်းသွားလာကြရခြင်းဖြစ်ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
