မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်ဇယ်စေတီတော်၌ သီတင်းကျွတ်အခါသမယွင် မွန်ရိုးရာ ဆီးမီးပူဇော်ပွဲနှင့် မီးပုံပျံလွှတ်တင်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆီးမီးကပ်လှူ ပူဇော်ပွဲအား ကမာဝက်၊ ထောင်ကေး ၊သိမ်ကုန်း၊ စိန်တောင်၊ဂုံညင်းတန်း ရပ်ကွက်အသီးသီးရှိ ဒေသခံပြည်သူများက ဖယောင်းတိုင်မီးထွန်းညှိထားသည့် မီးဗန်းများကိုကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်းဖြစ်သည်။
အဆိုပါ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်တွင် နှစ်စဉ် သီတင်းကျွတ်နှင့်တန်ဆောင်မုန်းလပြည့်ရောက်တိုင်းမွန်ရိုးရာဆီးမီးပူဇော်ခြင်း၊ ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းပြုလုပ်လေ့ရှိသည်။
ထို့ပြင် ဆံတော်ရှင်ကျိုက်ဇယ်စေတီတော် ရင်ငွေ့လှုံ ပုံစံတူ စေတီငယ်အား မြန်မာနှစ်ဆန်း(၂)ရက်တွင် လှည့်လည်အပူဇော်ခံလေ့ရှိကြောင်းနှင့် ယခုနှစ်အပူဇော်ခံလှည့်လည်မှုသည် အကြိမ်(၅၀)မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
