အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၌ 5G မို ဘိုင်းဖုန်းစနစ်တည်ဆောက်ရာတွင် အကူ အညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု အောက် တိုဘာ ၁၆ ရက်တွင် အိန္ဒိယအစိုးရတာဝန် ရှိသူက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် အိန္ဒိယသည် မိုဘိုင်းဖုန်းများ၌ မြန်နှုန်းအလွန်မြင့်သော အင်တာနက်ကို ပံ့ပိုးပေးရန် 5G တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုကို စတင်ခဲ့သည်။
ထို့ကြောင် အိန္ဒိယနိုင်ငံတွင် ခရိုင် ၉၈ ရာခိုင်နှုန်းနှင့် ကျေးရွာ ၉၀ ရာခိုင် နှုန်းသည် ၂၁ လအတွင်း 5G စနစ်ကို ရရှိနေ ပြီဖြစ်သည်။
“5G နယ်ပယ်မှာ 5G စနစ်ကို မြန်မာနိုင်ငံက တည်ထောင်ရာမှာ အကူအညီ ပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပါတယ်”ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ ပူးတွဲ အတွင်းဝန် ဆစ်ဒါ့မဟာဂျန်က သတင်း ထောက်များကို ပြောကြားခဲ့သည်။
လွန်ခဲ့ သောလက ပြုလုပ်ခဲ့သည့် ရှစ်ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကုန်သွယ်ရေးအစည်း အဝေးတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် အဆိုပါကိစ္စကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
နှစ်ဖက်စလုံးက သင်္ဘော လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးကို လည်းဆွေးနွေးခဲ့ပြီး ကမ်းရိုးတန်းသင်္ဘော လုပ်ငန်းကိုဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
Ref;India Times
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
