မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး - သံဖြူဇရပ်ကားလမ်းတွင် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရေးမြို့ဘက်မှ သံဖြူဇရပ်မြိုဘက်သို့ မောင်းနှင်လာသော ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံယာဉ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်က ထားဝယ်ကနေ ရန်ကုန်ဘက်ကို သွားတဲ့ ယာဉ်လို့သိရပါတယ်။ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်ကရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၀) နှစ်အရွယ် မနွယ်ရီလင်းလို့သိရတယ်။ ဘယ်ဘက်ပေါင်ရင်းမှာ လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့တာပါ” ဟု ပြောကြားသည်။
ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သူ မနွယ်ရီလင်းအား သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရကြောင်း နှင့် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။
မော်လမြိုင် - မုဒုံ - သံဖြူဇရပ် - ရေး - ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမပေါ်တွင် မကြာခဏတိုက်ပွဲဖြစ်ပွားခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချကများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
