မကွေးတိုင်းအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ အောက်တိုဘာ ၁၉ ရက်နံနက် ၇ နာရီက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ လောင်းလှူခဲ့ကြသည်။
မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံ ဃာတော်များ၊ သီလရှင် ဆရာကြီး/ဆရာလေး (၁၂၁)ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မကွေး တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက လောင်းလှူပူဇော်ခဲ့ကြသည်။
မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းဖြစ်သည့် အောက်တိုဘာ ၁၇ရက်(သီတင်းကျွတ်လပြည့်နေ့)ကလည်း စေတီတော်မြတ်ကြီးအား ဆီ မီး(၉၀၀၀)ထွန်းညှိပူဇော်ခြင်းအပြင် ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ဆက်ကပ်ပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တို ဘာ ၁၂ ရက်မှ ၃၁ ရက်အထိ ရက်(၂၀)တိုင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
