မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသွားလာနေသူများကို လုယ-က်မှု(၁၆)ကြိမ်ကျူးလွန်ခဲ့သည့် အမျိုးသား(၃)ဦးကို အောက်တိုဘာ ၁၉ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသွားလာနေသူများထံမှ ရွှေဆွဲကြိုးများလုယ-က်နေသူများကိုဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ လုယ-က်မှုအကြိမ် ကြိမ်ကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်တဲနေသူများဖြစ်သော ဇော်လင်းအောင်(ခ)မဲကြီး (၃၆)နှစ်၊ ထွန်းတောက်လင်း(ခ)ဖက်တီး(၂၁)နှစ်၊ သိန်းဝင်းအောင်(ခ)စွေစောင်း(၁၉)နှစ်တို့အား အောက်တိုဘာ ၁၉ ရက်က အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ၎င်းတို့သည် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဇွန်လအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု(၇)ကြိမ်၊ ဇူလိုင်လအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု (၃)ကြိမ်၊ သြဂုတ်လအတွင်းက ရွှေထည်ပစ္စည်းလုယက်မှု(၃)ကြိမ်၊ စက်တင်ဘာလအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု (၃)ကြိမ်(စုစုပေါင်း ရွှေထည်ပစ္စည်းလုယ-က်မှု ၁၆ ကြိမ်)ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ၎င်းတို့လု ယ-က်မှုကျူးလွန်ပြီး ထုခွဲရောင်းချထားသည့် ရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာနေရာအသီးသီးတွင် ရှာဖွေသိမ်းဆည်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိခဲ့သူ(၃)ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများဖွင့်လှစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
