Top News

အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ပင့်ဆောင်လိုဟု ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆွေးနွေးလျှောက်ထား
24htopnews | October 20, 2024 11:12 AM CST

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာ တော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသသည် တ ရုတ်နိုင်ငံ၊ နင်းဘိုမြို့၌ကျင်းပသည့် ၂၀၂၄ ခုနှစ် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်အတွင်း The Buddhist Association of China ၏ ဥက္ကဋ္ဌ ဆရာတော် Yan Jue နှင့်တွေ့ဆုံစဥ် ဆွေးနွေးလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသမှ တရုတ်နိုင်ငံတွင် ယခုလိုဗုဒ္ဓဘာသာနှင့်ပတ်သက်သော အစည်းအဝေးကြီးအား ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များစုပေါင်းပြီး ညီညီညွတ်ညွတ်ပြုလုပ်ခြင်းသည် မိမိတို့ ဗုဒ္ဓဘာသာအတွက် တိုးတက်ကြီးပွားကြောင်းဖြစ်သည့် အကြောင်းတရားတစ်ခုဖြစ်သည်ဟု ဆွေးနွေးလျှောက်ထားသည်။

ထို့ပြင် အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ် တော်မြတ်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်လိုသည်ဟုလည်း ဆွေးနွေးလျှောက်ထားခဲ့သည်။

ထို့အတူ ဆရာတော် Yan Jue မှလည်း နောင်တွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံကြား ဗုဒ္ဓဘာသာဆိုင်ရာဆွေးနွေးပွဲများ ကောင်းမွန်စွာကျင်းပနိုင်ရန်စီစဉ်သွားမည်ဟု ဆွေးနွေးလျှောက်ထားခဲ့သည်။

ထို့ပြင် ဖိုရမ်တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးထွန်းသည်လည်း အောက်တိုဘာ ၁၈ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် China Association for International Friendly Contact ဒု-ဥက္ကဋ္ဌ Mr. Luo Yu Hai ၊ Southern China Association for International Friendly Contact ဒု-ဥက္ကဋ္ဌ Mr. Liu Xiao Ming ၊ Yunnan Association for International Friendly Contact ဥက္ကဋ္ဌ Mr. Chen Tao တို့နှင့်တွေ့ဆုံ၍ သာသနာရေးနှင့် ယဉ် ကျေးမှုဆိုင်ရာများ ပိုမိုတိုးတက်အောင်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်အား အောက်တိုဘာ ၁၅ ရက် မှ ၁၇ ရက်အ ထိကျင်းပခဲ့ပြီး တက်ရောက်ခဲ့သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်း၊ သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပ ဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီး(၉)ပါး၊ သာ သနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့တို့သည် ယ မန်နေ့ အောက်တိုဘာ ၁၉ ရက်မွန်းလွဲပိုင်းက မြန် မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK