Top News

စစ်တွေမြို့တွင် လာရောက်ခိုလှုံနေကြသည့် စစ်ရှောင်ပြည်သူများအတွက် ကျပ် (၇၀,၀၀၀)တန် အစားအစာဘောက်ချာ တစ်စောင်ဆီ ထောက်ပံ့ပေးအပ်
24htopnews | October 20, 2024 2:12 PM CST

စစ်တွေမြို့သို့ လာရောက်ခိုလှုံနေကြသည့် ရခိုင်ပြည်နယ်တစ်ဝန်းရှိ စစ်ရှောင်ပြည်သူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျပ် (၇၀,၀၀၀)တန် အစားအစာ ဘောက်ချာ တစ်စောင်ဆီ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု ICRC Myanmar က အောက်တိုဘာလ (၁၉)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အစားအစာဘောက်ချာ တစ်စောင်လျှင် ဆန် (၆) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကုလားပဲ (၅၀) ကျပ်သားနှင့် ဆား (၅၀)ကျပ်သားတို့ ပါဝင်ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာ၌ စစ်တွေ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၂၆)ကျောင်း၌ ခိုလှုံနေသည့် အိမ်ထောင်စု (၁,၃၅၁ )စုမှ စုစုပေါင်း လူဦးရေ (၅၀၅၈) ဦးအတွက် အစားအစာဘောက်ချာ(၅,၀၅၈)စောင် တန်ဖိုးငွေကျပ် (၃၅၄,၀၆၀,၀၀၀) ကို စ က်တင်ဘာလ(၂၈)ရက်မှ စက်တင် ဘာလ (၃၀)ရက်အတွင်း သွားရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှုသည် ဂျာမနီနိုင်ငံကြက်ခြေနီ အသင်းနှင့် နော်ဝေနိုင်ငံ ကြက်ခြေနီ အသင်းတို့၏ ပံ့ပိုးမှုဖြင့် ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများနှင့် ရပ်ရွာလူထု ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK