တူရကီကလပ် အလန်ယာစပေါ်အသင်းတွင် ကစားနေသည့် တောင်ကိုရီးယားလက် ရွေးစင်တိုက်စစ်မှူး ဟွမ်ယူအီဂျိုသည် ညစ်ညမ်းဗီဒီယိုခိုးရိုက်သဖြင့် ထောင်ဒဏ်လေးနှစ် ကျခံရဖွယ်ရှိနေကြောင်း သိရသည်။
ဟွမ်ယူအီဂျို (၃၂ နှစ်) သည် ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း အမျိုးသမီးအဖော်နှစ်ဦးနှင့် လိင်ဆက်ဆံမှုပြုလုပ်သည့်ဗီဒီယိုကို ၎င်းတို့၏ခွင့်ပြုချက်မရဘဲ လေးကြိမ်ရိုက်ကူးခဲ့သဖြင့် အောက်တိုဘာ ၁၆ ရက်က ဆိုးလ်မြို့ရှိ တရားရုံး၌ ပထမဆုံး အကြိမ် ကြားနာစစ်ဆေးမှုခံယူခဲ့ရသည်။
အဆိုပါဗီဒီယိုဖိုင်များမှာ ဟွမ်အူဂျို၏ခယ်မဖြစ်သူက ခြိမ်းခြောက်ပြီး လူမှုကွန်ရက်ပေါ် တင်ရှိခဲ့သောကြောင့် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လတွင် ဟွမ်ယူအီဂျို၏ခယ်မဖြစ်သူက ငွေညှစ်ရန် ကြိုးပမ်း၍ ယင်းဗီဒီယိုများကို လူမှုမီဒီယာတွင် ဖြန့်ဝေခဲ့သောကြောင့် ၎င်းက တရားစွဲဆိုရာ အနိုင်ရခဲ့ပြီး ယင်းအမျိုးသမီးမှာ ထောင်ဒဏ် သုံးနှစ် ကျခံထားရသည်။
ဟွမ်အူဂျို(၃၁ နှစ်)အနေဖြင့် ယင်းဗီဒီယိုများ ခိုးရိုက်ခဲ့မှုအတွက် စွဲချက်တင်ခံထားရပြီး ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က စတင်အမှုရင်ဆိုင်ခဲ့ရသည်။ ၎င်းက ချစ်သူမိန်းကလေးများ မသိရှိဘဲ လိင်ဗီဒီယိုများ ရိုက်ကူးမှုအတွက် နစ်နာခဲ့သူများအား ပြန်လည်တောင်းပန်ခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ကာယကံရှင်များ၏ ခွင့်ပြုချက်မရဘဲ ရိုက်ကူးခဲ့သောကြောင့် ထောင်ဒဏ် လေးနှစ် ကျခံရဖွယ်ရှိနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
