အာဖရိကတွင် mpox ရောဂါနှင့်ဆက်နွှယ်၍ သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိလာကြောင်း အာဖရိက၏ ထိပ်သီးပြည်သူ့ကျန်းမာရေး အေဂျင်စီအကြီးအကဲက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က mpox နှင့် ဆက်နွှယ်၍ သေဆုံးသူ ၅၀ ရှိခဲ့သောကြောင့် mpox နှင့်ဆက်နွှယ်၍ သေဆုံးသူ စုစုပေါင်း ၁,၁၀၀ အထိ မြင့်တက်လာခဲ့ကာ နိုင်ငံပေါင်း ၅၅ နိုင်ငံပါဝင်သည့် အာဖရိကတိုက်၏ ၁၈ နိုင်ငံတွင် လက်ရှိ ကြုံတွေ့ဖြစ်ပွားနေသော ကူးစက်မှုများကို တားဆီးနိုင်ရန် စိန်ခေါ်မှုတစ်ရပ်နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ညွှန်ကြားရေးမှူးချုပ် ယန်းကာဆီရာက ဆိုသည်။
“ဒီကူးစက်မှုတွေကို ဆက်လက်တိုက်ဖျက်နေပါတယ်။ အာဖရိကနိုင်ငံတွေ အားလုံးကူးစက်သွားမှာကို မဖြစ်စေချင်ပါဘူး”ဟု ကာဆီရာက ဆိုသည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူ သိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။
ပြင်းထန် ဖြစ်စဉ်ခံစားရသူများတွင်မူ အရေပြားတွင် အနာများပေါက်လေ့ရှိသည်။
mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
