ဟားမာ့စ်အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါ သေဆုံးမှုသည် တော်လှန်ရေးမဟာမိတ်အင်အားစုနှင့် ဟားမာ့စ်အဖွဲ့၏ လှုပ်ရှားမှုကို ရပ်တန့်စေလိမ့်မည်မဟုတ်ကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
"သူ့ရဲ့ ဆုံးရှုံးမှုဟာ တော်လှန်ရေးမဟာမိတ်အင်အားစုအတွက် နာကျင်စရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ အထင်ကရ အာဇာနည်ခေါင်းဆောင်တွေနဲ့အတူ လှုပ်ရှားမှုတွေကို ရပ်တန့်စေမှာမဟုတ်ပါဘူး။ ဟားမာ့စ်အဖွဲ့ဟာ ဆက်လက်တည်ရှိနေပြီး ဆက်လက်လှုပ်ရှားသွားမှာပါ" ဟု ခါမေနီက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့ကို ကြိုးကိုင်သူ ဆင်ဝါသည် အောက်တိုဘာ ၁၆ ရက်က အစ္စရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ပြီး ၎င်းသေဆုံးသည့်သတင်းကို အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
"သူဟာ တော်လှန်ရေးနဲ့ ကြိုးပမ်းအားထုတ်မှုရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ခိုင်မာတဲ့ဇွဲလုံ့လနဲပအတူ သူဟာ ဖိနှိပ်တဲ့ရန်သူကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်" ဟု ခါမေနီက ပြောကြားခဲ့သည်။
ဆင်ဝါသည် ဇူလိုင်လအတွင်းက အီရန်၏မြို့တော် တီဟီရန်တွင် ယခင်ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ သေဆုံးခဲ့ပြီးနောက် ဟားမာ့စ်အဖွဲ့၏ အကြီးအကဲသစ် ဖြစ်လာခဲ့သည်။
ဟာနီယာသေဆုံးမှုအတွက် အစ္စရေးကို ဝေဖန်ခဲ့ကြသော်လည်း အစ္စရေးကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ခံထွက်ဆိုခဲ့ခြင်းမရှိပေ။
Ref: CNA
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
