မြဝတီ မြို့တွင် သီတင်းကျွတ်လပြည့်ည ဗျောက်အိုးဖောက်ကြရာမှ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြဝတီမြို့ အမှတ်(၅)ရပ်ကွက်နေ ကလေးငယ်တစ်ဦးမှာ ယမ်းအားပြင်းသည့်ဘော်လုံးဗျောက်အိုးအား သာမာန်ဗျောက်အိုးထင်၍ မီးခိုးထွက်နေသည်ကို ငုံ့ကြည့်စဉ်ဗျောက်အိုးကွဲသွားကာ မျက်နှာကို ပြင်းထန်စွာထိခိုက်သဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ကလေးငယ်၏မိဘများမှာ တန်းလျားအခန်းငှားနေထိုင်းသူများဖြစ်ကာ လက်လုပ်လက်စား အလုပ်သမားများဖြစ်၍ ကလေးငယ်၏ ဆေးဖိုးဝါးခအတွက် အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါကလေးငယ်မှာ မျက်လုံးထိခိုက်သွားခြင်းဖြစ်၍ Z.Rescue လူမှုကယ်ဆယ်ရေးအသင်းမှ ထိုင်းနိုင်ငံမဲဆောက်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း Z.Rescue တာဝန်ခံကိုဇော်က ပြောကြားသည်။
ထို့နည်းတူ အမှတ် ၄ ရပ်ကွက် မေတ္တာလမ်းမှ ကလေးငယ်တစ်ဦးမှာလည်း လက်တွင်ဗျောက်အိုးကိုင်ထားစဉ် ဗျောက်အိုးပေါက်ကွဲသွား၍ လက်ချောင်းများထိခိုက်သွားပြီး မြဝတီပြည်သူ့ဆေးရုံတွင်ကုသမှုခံယူနေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
