မြန်မာနှင့်တရုတ်တို့သည် ကမ္ဘာ့အညံ့ ဆုံး အင်တာနက်လွတ်လပ်ခွင့်ရှိသည့်နိုင်ငံ များဖြစ်ပြီး ယင်းသို့ အင်တာနက်လွတ်လပ် ခွင့်အညံ့ဆုံးနိုင်ငံများထဲတွင် ကာဂျစ္စတန်က ဦးဆောင်နေသည်ဟု လေ့လာချက်တစ်ခုက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာ ဏာလွှဲပြောင်းယူခဲ့သော မြန်မာနိုင်ငံသည် အမှတ်အနည်းဆုံးနိုင်ငံများတွင် တရုတ်နှင့် အမှတ်တူသည့် ပထမဆုံးနိုင်ငံဖြစ်လာဟု Freedom House ကလုပ်သော Freedom House on the Net ၏လေ့လာချက်တွင် ဖော်ပြထားသည်။
အင်တာနက် လွတ်လပ်မှုသည် တစ် ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ၁၄ နှစ် ဆက်တိုက် ကျဆင်းသွားသည်ကို တွေ့ရကြောင်းအမေရိကန်ကွန်ဂရက်က ငွေကြေးပံ့ပိုးပေးထားသော ဒီမိုကရေစီလိုလားသည့် သုတေသနအုပ်စုဖြစ်သော်လည်း သီးခြားလွတ်လပ်စွာ ရပ်တည်နေသော Freedom House ၏အစီရင်ခံစာတွင် ဖော်ပြထားပြီး နောက်ထပ်နိုင်ငံအများအပြား၌ အင်တာနက် လွတ်လပ်ခွင့်သည် တိုးလာခြင်းဆိုသည်ထက် ကျဆင်းမှုများရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် နစကသည် စနစ်တကျ ဆင်ဆာလုပ်ခြင်းနှင့် အွန်လိုင်းတွင် ပြောဆိုမှုများကို စောင့်ကြည့်ခြင်းတို့ရှိနေသည်ဟု ဆိုသည်။
မြန်မာပြည်သူများက အင်တာနက်ထိန်းချုပ်မှုများကိုကျော်၍ကြည့်ရန် အသုံးပြုသော VPN တို့ကို နစကက မေလတွင်ပိတ်ပင် သော အစီအမံသစ်များကို Freedom House က ထောက်ပြခဲ့သည်။
တရုတ်သည် အာဏာရ ကွန်မြူနစ်ပါ တီကို ခြိမ်းခြောက်နေသော အကြောင်းအ ရာများကို အမြစ်ပြတ်ရှင်းရန် ရည်ရွယ်သည့် အနေဖြင့် fireware ကို ဖန်တီးထားသည်ဟု ဆိုသည်။
အောက်တိုဘာ ၁၆ ရက် လေ့လာချက် နှင့်စပ်လျဉ်း၍ မေးမြန်းသည့်အခါ တရုတ်က ၎င်းင်း၏ ပြည်သူမျာသည် ဥပဒေနှင့်အညီ အခွင့်အရေးအမျိုးမျိုးနှင့် လွတ်လပ်ခွင့်များကို သဘောကျသည်ဟု ဖြေကြားခဲ့သည်။
“အဲဒီထုတ်ပြန်ချက်ကတော့ လုံးလုံး အခြေအမြစ်မရှိဘူးလို့ထင်ပါတယ်။ ဖုံးကွယ် ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ထားတာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရအမျိုးသမီး မော်နင်းက ပြောကြားခဲ့ သည်။
အင်တာနက်လွတ်လပ်ခွင့် အဆိုးရွား ဆုံးကျဆင်းသွားသော နိုင်ငံမှာ ကာဂျစ္စတန် နိုင်ငံဖြစ်သည်ဟု လေ့လာချက်တွင် ဖော်ပြ ထားသည်။ အဇာဘိုင်ဂျန်၊ အီရတ်တို့သည် အင်တာနက်လွတ်လပ်ခွင့်ကျဆင်းသော နိုင်ငံများထဲတွင်ပါဝင်နေသည်။
အင်တာနက်လွတ်လပ်ခွင့်အများဆုံး ရသောနိုင်ငံများထဲတွင် ဇင်ဘာဘွေပါဝင်လာခဲ့သည်။ အွန်လိုင်း လွတ်လပ်ခွင့်အရှိဆုံး နိုင် ငံသည် အိုက်စလန်ဖြစ်ပြီး ၎င်း၏နောက်တွင် အက်စတိုးနီးယား၊ ကနေဒါ၊ ချီလီ၊ကော် စတာရီကာတို့ အသီးသီးလိုက်နေသည်။
Ref;AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
