အိုင်ယာလန်နာမည်ကြီး MMA ကစားသမား ကော်နာမက်ဂရီဂေါ်က လက်ရှိ UFC ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဘီလားမိုဟာမက်ကို ဦးခေါင်းခွံကွဲအောင် ထိုးသတ်သွားမည်ဟု ကြုံးဝါးခဲ့သည်။
မက်ဂရီဂေါ်သည် ပြိုင်ဘက်က စားသမားကို လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်း၌ ယင်း Post ကို ပြန်ဖျက်သွားခဲ့ကြောင်း သိရသည်။ "ကျွန်တော့်ရဲ့ဘယ်ဝိုက်လက်သီးနဲ့ နားထင်ကိုထိုးပြီး Triple Crown ကို ရယူမှာပါ။ ကျွန်တော့်အဖို့ ဒါကို လွယ်ကူစွာနဲ့ပဲ ပြုလုပ်ပါလိမ့်မယ်။ ပြီးတော့ မြန်မြန်ပေါ့။ ဒီဦးခေါင်းခွံကို ကွဲအောင် ကျွန်တော် ထိုးသတ်မယ်။ Octagon ကို ကျွန်တော် ပြန်လာချိန် ရင်ဆိုင်ရတဲ့ အတားအဆီးတွေက နာကျင်စရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ဇွန်လ(၂၉)ရက်ပွဲ ပျက်ပြယ်ခဲ့ရလို့လည်း အလွန်ဝမ်းနည်းမိပါတယ်"ဟု မက်ဂရီဂေါ်က လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။
မူဟာမက်သည် ပြီးခဲ့သည့်ဇူလိုင်လက လီအွန်အက်ဒ်ဝက်စ်နှင့် ထိုးသတ်ခဲ့သော လက်ဝှေ့ပွဲတွင် အနိုင်ရပြီး ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့သည်။ မက်ဂရီဂေါ်က ဘီလားမိုဟာမက်၏ အလဲထိုးပွဲနည်းမှုအပေါ်တွင်လည်း လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည်။ ဘီလားမိုဟာမက်အနေဖြင့် လာမည့်ဒီဇင်ဘာလ(၇)ရက်၌ ကာဇက်စတန်လက်ဝှေ့သမားဖြစ်သည့် ရက်မိုနော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က အတည်ပြုကြေညာခဲ့သည်။
မက်ဂရီဂေါ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လက ဒပ်စတင်ပိုရီယေးနှင့်ပွဲ၌ ခြေထောက်ကျိုးခဲ့သောကြောင့် ထွက်လိုက်ရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
