ဂျပန်အာဏာရပါတီ၏ ဌာနချုပ်သည် အောက်တိုဘာ ၁၉ ရက်တွင်ဓာတ်ဆီပုလင်းဗုံးများ(Molotov cocktails)များဟုယူဆသော အရာများဖြင့် ပစ်ပေါက်ခံခဲ့ရပြီးနောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုသံသယဖြစ်ဖွယ်အမျိုးသားသည် အာဏာရပါတီဌာနချုပ်ကို ဓာတ်ဆီပုလင်းဗုံးဟု ယူဆသောအရာဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရုံး၏အပြင်ဘက်ခြံစည်းရိုးကို ၎င်း၏ကားဖြင့် ဝင်တိုက်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၂၇ ရက်အထွေထွေရွေးကောက်ပွဲမတိုင်မီ သီတင်းတစ်ပတ်အလိုတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရရှိသူမရှိဟုဆိုသည်။
တိုကျိုမြို့တော်မြောက်ပိုင်း ဆိုင်တာမာမှ အသက် ၄၉ နှစ်အရွယ်အမျိုးသားကို ပြည်သူ့ တာဝန်၀တ္တရားများကို နှောင့်ယှက်မှုသံသယဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
"အောက်တိုဘာ ၁၉ ရက် နေထွက်ချိန်ဝန်းကျင်လောက်မှာ အဲဒီအမျိုးသားက သူ့ရဲ့ကားနဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ဆီ ဦးတည်လာပြီး ကားထဲကနေ ထွက်လာပြီး နောက် ဓာတ်ဆီပုလင်းဗုံးတွေလို့ ယူဆတဲ့အရာတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်"ဟု ၎င်းက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
"အဲဒီအမျိုးသားက ဝန်ကြီးချုပ်ရုံးရှေ့က လမ်းထဲကို ကားမောင်းဝင်လာပြီး ဝင်ပေါက်၀ခြံစည်းရိုးကို ဝင်တိုက်ခဲ့ပြီးနောက် ကားထဲက ထွက်လာပြီး ရဲအရာရှိတွေကို မီးခိုးဗုံးလို့ယူဆတဲ့အရာနဲ့ ပစ်ပေါက်ခဲ့ပါသေးတယ်"ဟု ဆက်လက်ပြောပြခဲ့သည်။
NHK သတင်းတွင် ဖော်ပြချက်အရ ဓာတ်ဆီပုလင်းဗုံး ခြောက်လုံးခဲ့ဟုယူဆသည့်အရာများသည် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့မော်တော်ယာဉ်တစ်စင်းကို ထိမှန်ခဲ့သော်လည်း မကြာခင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူမရှိဟုဆိုသည်။
ထိုအမျိုးသား၏ အဖြူရောင်မော်တော်ယာဉ်အတွင်း၌ အရည်များသယ်ဆောင်ရာတွင် အသုံးပြုလေ့ရှိသော ပလတ်စတစ်ကန်အများအပြားကို တွေ့ရှိခဲ့သည်ဟု Asahi Shimbun နေ့စဉ်သတင်းစာနှင့် အခြားမီဒီယာများတွင် ဖော်ပြခဲ့သည်။
■Ref:AFP
■Photo: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
