ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပသည့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ အပါအဝင် အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာများ ပေးပို့ခဲ့ပြီး ဒေသခံပြည်သူ အမြောက်အများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့သို့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲပြီး လူထုတွေ့ဆုံးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ညနေပိုင်းတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန် တိုက်တွန်းခဲ့သည်။ ဇန်နဝါရီ ၁၀ ရက်တွင် စီတာပူရပ်ကွက် ၊မနောကွင်းတွင်ကျင်းပသည့်ရ၂ နှစ်ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး နေလယ်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
